ဗစ်တိုးရီးယားကဗျာ

.










မင်းတွေ့ပါလိမ့်မယ် အ၀င်ကတည်းကရင်ထဲမှာဆို့
တို့ကုန်တိုက်က ဆော်တွေလည်း
အတော်ကို လျှော်ပေသမို့ အတော် "လေ"ကာ
ကျွန်တော်တွေ အလျှိုလျှိုငေးရအောင် ပန်းချီမျိုးဒေ၀ီ
မြင်လိုက်ကာ သေချင်သည်လေး။

မသွေအ၀င်က တစ်ဖန်ဆက်တိုးကြရလေကုန်တော့ အမှား
စားသောက်ကုန် အစုံစုံရောင်းတဲ့ ပန်းဖယောင်းဒေ၀ီတွေများ
ခါသေးတဲ့ရင်ချီမယ် တစ်ကယ်ကိုငေးရဖွယ်ကောင်းပုံများ
အားအင်တွေကုန်ခမ်းအောင် ပန်းဖျားတွေဖျား။

ပန်းများကြွေမလား အောက်မေ့ရ သတတ်
အောက်ထပ်က အလျှိုလျှိုသော အပျိုတွေလှလိုက်တာက
ဟ..ကြိုက်တာရွေးကြည့်တော့
သေးတာကသေး ကွေးတာကကွေး
ပြူးတာကပြူး ရှုးတာက ရှုး
မူးလောက်ဖွယ် အဆင်
ဆံပင်လေးကောင်းတော့ ဘရောင်းရောင် အသွေးလှတဲ့
အဝေးကချောတဲ့သူ မောတဲ့သူကူပါကွယ်လေး။

လူတကာရယ် ကပြောတော့ ချောပါပေ့ ဗစ်တိုးရီးယားသူ
ကိုရီးယားသူများ အားကျလောက်ဖွယ် အသားကခြောက်တယ်
ဟားဟ ခြောက်ဆယ်ကျော်ရင် လုံးဝ
စုန်းမကြောက်မယ်။

အပြုံးက မောက်တယ် သိပ်ပြီး
ပါတိတ်ကြီးတွေကိုင်တဲ့ စတိုင်နဲ့ မမတွေက အပြတ်အသတ်
ရှပ်ကောင်တာကနေ ဖိနပ်ကောင်တာအထိ
တအိအိလျှောက်လှမ်းကာ ကြည့်တော့
ပီတိတွေဖြာမိတာ လေပူထဆဲ။
စူပါတွေကလည်း လူတကာတွေငေးရအောင်
ရူပါလေးတွေက ချူချာသေးတယ်။

မူယာလေးတွေကြွယ်...
လူတကာ အတွေးမှာ နှစ်ခါပြန်မှတ်မိစေနိုင်တဲ့
အတော်လာတဲ့တော်ကီကလေးတွေက နိပ်လှတယ်
ဟိတ်...
"စိတ်ပါမှဝယ်" တဲ့။

သိက္ခာကျတယ်တဲ့
"Date တာက မရတဲ့ကြားထဲ" တဲ့
ရှိတ် လာကြတဲ့ ဘဲတွေကိုလည်းအော်.....တယ်။

ပျော်တယ်ဆရာ ဗစ်တိုးရီးယားကို တစ်ခါသာလာခဲ့ပါ
ဘာညာသာရကာ ဘာဘရာတွေကြား
အခါခါ လေများရင်း
အကြေသားလျှော်လှတဲ့ အတော်ရွတဲ့ဆော်တွေလည်းပေါ။
အော်....မလေနဲ့တော့
ပျော်နေတဲ့ သူတွေနဲ့ အတူလိုက်လို့ပျော်
ဝေါ်…တွက်ခြေလည်း ကိုက်ဖို့ လိုတယ်
တစ်ယောက်ယောက်ကို လိုက်လို့ လှော်
ကြိုက်ဖို့နော်ခေါင်းမစားနဲ့ မင်းအတွက်တော့ သုံးရက်မကျော်
ပြုံးလျှက်နော် အချိန်တန်ရင်
ပန်ဆင်ကွယ့်လေး။

Comments

ဂွတ်
ရသမြောက်တယ်ဗျာ ..
ကဗျာဆရာကြီး မင်းသုဝဏ် လား ထင်မှတ်ရတယ် .
WWKM said…
အိုး..ကျမအခုမှစရောက်ဖူးတာထင်ပါရဲ့။
စာအရေးအသား တော်တော်ရသမြောက်တာပဲနော်။
ကဗျာဆရာကြီးထင်ပါရဲ့။
နောက်လည်းလာလည်ပါဦးမယ်။
အားပေးနေပါမယ်နော်။
သရော်ကဗျာလေးလို့.ယူဆပါသဗျာ
ရှေးက တေးထပ်အသွားမျိုးလေးပဲ
မျှော်နေပါ့မယ်
အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ။ ကာရန်မဲ့တွေ ကြားမှာ ဒီလို ကာရန်မိ၊ ဟာသမြောက်တဲ့ ကဗျာလေးတွေကို အရမ်းကြိုက်တယ်။ ကဗျာအသစ် တွေမျှော်နေမယ်။
ကိုဂီတာရေ---
သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးများ
ဖတ်နေရသလားမှတ်ပါတယ်---
အပေါ်က ပုံက ဘယ်သူလဲ---
ကိုဂီတာ ပုံတော့ ဟုတ်လောက်မယ်မထင်ဘူး--
ခင်မင်လျက်
အစ်ကိုက
ကဗျာရေးရာမှာ ပါရမီ ထူးလိုက်တာ
အားကျမိပါတယ် အစ်ကိုရယ်
ကလောင်စွမ်းအတွက်လဲ ချီးကျူပါတယ် အစ်ကိုရေ
အမြဲတမ်းအားပေးလျက်
စကားမစပ် ဓါတ်ပုံက အစ်ကို့ပုံကြိးလား
:P

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး