လက်အုပ်ချီတာ

.
လက်အုပ်ချီတဲ့အကြောင်းကိုတွေးဖြစ်နေတာကြာပေါ့။ ဘာကြောင့် လက်အုပ်ချီတာလဲ။ ဘယ်အကြောင်းတွေကြောင့် လက်အုပ်ချီရသလဲ၊ကျွန်တော်ကိုယ်တိုင် ဂဃနဏမသိပါ။ ကိုယ်ပိုင်ဥာဏ် မှီသလောက်ကတော့ အလေးအမြတ်ပြုသည့်သဘော၊ အရိုအသေပေးသည့် သဘောဟုယူဆမိသည်။
မြန်မာတို့ဧ။်အလေ့အထအရ လက်အုပ်ချီခြင်းသည်။ ဘုရားရှင်အားရှိခိုးပူဇော်သောအခါတွင် လည်းကောင်း။ သံဃာတော်သူမြတ်များအား အလေးအမြတ်ပြုရာတွင်လည်းကောင်း စသည်ဖြင့် မိမိတို့အလေးထားသူများကို သာလက်အုပ်ချီလေ့ရှိကြသည်။
သို့သော်လည်း အချို့မှာ မိမိ အလေးအမြတ်ထားသူများမှလွဲရ်ျ တစ်ခြားသူများကို လက်အုပ်ချီရခြင်းသည်။ မိမိကိုယ်ကို အောက်ကျို့၊နှိမ်ချ၊ အောက်ကျခံရသည်ဟု ထင်မှတ်လေ့ရှိသည်ကို အများအပြားတွေ့ရပါသည်။
ကျွန်တော့်ပုဂ္ဂလိက အမြင်အရဆိုလျှင် ထိုအယူအဆ မမှန်ဟုထင်မိပါသည်။ လက်အုပ်ချီခြင်းသည် မြန်မာတို့ဧ။် ဖော်ရွေတတ်သော၊ တစ်ပါးသူကို အလေးအနက်ထားတတ်သော သဘောကိုပေါ်လွင်ထင်ရှားအောင် ပြသနိုင်သည့် (Body expression) တစ်ခုဟု ယူဆမိပြီး တွေ့ဆုံခြင်းကို ပိုမိုလေးနက်စေခြင်း ဟုသာ ထင်မြင်မိပါသည်။
ကျွန်တော်တွေ့ခဲ့ဖူးသော ကျောင်းဆရာ တစ်ယောက်သည် state ပေါ်မှနေ၍ 15-16 အရွယ် တပည့်များကို လက်အုပ်ချီ၍ "မင်္ဂလာပါ" ဟုနှုတ်ဆက်သည်ကို တွေ့ခဲ့ရဖူးပါသည်။ ထိုဆရာသည် ကျောင်းသားများကို အောက်ကျို့သည် မဟုတ်ပါ။ မြန်မာ့ယဉ်ကျေးမှု့နှင့်ဆီလျှော်သော အပြုအမူဖြင့် နှုတ်ဆက်သည်ဟုသာထင်မြင်မိပါသည်။
ဘောလုံးသမားများ အောင်ပွဲရ၍ အမိနိုင်ငံသို့ ပြန်လာကြသည့်အခါ သက်ဆိုင်ရာ လူကြီးများက ကြိုဆိုကြသည်။ ထိုသို့သော အရာရှိလူကြီးမင်းများ ကိုတွေ့သည့်အခါ နိုင်ငံသားကောင်း အားကစားသမားများက လက်အုပ်ချီ၍ နှုတ်ဆက်ကြခြင်းမှာ ဘာရယ်ကြောင့်မှမဟုတ်၊ မြန်မာ့ယဉ်ကျေးမှု့အရ ယဉ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်ဂါရ၀ပြုခြင်းပင်။
သို့ဆိုလျှင်... မိမိနှင့်တွေ့ဆုံသူ မည်သူပင်ဖြစ်စေ...ကြီးငယ်မရွေး၊ အယုတ်အလတ်၊ အမြတ်မရွေး ကို လက်အုပ်ချီ၍ နှုတ်ဆက်ခြင်းသည် အောက်ကျို့သည် မဟုတ်ပဲ မြန်မာတို့ဧ။်ယဉ်ကျေးသိမ်မွေ့သော အလေ့အထကို ထုတ်ဖော်ပြသခြင်း နှင့်ထိန်းသိမ်းခြင်းပင် မည်လိမ့်မည်။

Comments

နှိမ့်ချတတ်ခြင်းဟာသူတော်ကောင်းတွေရဲ့ ဓလေ့ပါဗျာ
လက်အုပ်ချီတာဟာလည်းဆရာ ပြောသလို
သဘောထားနိုင်ရင် ယောနိသော မနသိကာရဖြစ်ပြီး
ကုသိုလ်တွေ ရစရာအကြောင်း၇ှိပါတယ်..
သဘောကျမိတဲ့ အတွေးအခေါ်လေးပါ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး