နှုတ်ဆက်ခဲ့တယ် (၂)

.












ကဗျာလေးဆုံးတော့ ခဏလေး
ညီမလေးပြုံးမယ်
သုံးတတ်လိုက်တာရယ်လို့
အဆုံးသတ်တော့လည်းကွာ
ငါ့ကဗျာ တစ်ပုဒ်လုံး
စာအုပ်အဖုံးကြားထဲညှပ်
ငါထုတ်သုံးခဲ့ရတဲ့ စကားတွေ အထပ်ထပ်လည်း
တအားလေထဲ လွင့်ခဲ့တယ်။

ကြေကွဲခွင့်တွေကျ လိုင်စင်ကရလွန်းတယ်
ဆိုင်ချင်လှလည်း ယိုင်အစဉ်ငါ့အချစ်ကို
ပိုင်ရှင်မ မလုပ်ချင်တဲ့မင်း
အဟုတ်ရင်ထဲ အထုတ်မကျဉ်ပဲချစ်
မဆုတ်မနစ် မနှုတ်မထွက် ခက်ပါတယ်။

လုပ်ရက်တယ်ဟာ...
အဟုတ်အခက်တွေကြားထဲက ချစ်တောင်
အများတကာ တအားမညှာလှောင်ရယ်
အနားမှာနေချင်လည်း
သွေအစဉ်ပဲ ရှောင်ဖယ်တော့ကွယ်။

ယောင်လည်လည်ငါ့တစ်ယောက်တည်း မြေ့မြေ့
လျှောက်ဆဲပေါ့ ခြောက်သွေ့ဆဲရင်မှာပူ
ကြင်နာသူ နှစ်ယောက်တွဲတွေ ကြားထဲ
နောက်ဆဲပေါ့ စိတ်အစဉ် ချိုမရွင်ပါ
ငိုချင်တာ မင်းမသိပါလား။

အတင်း၊ အရိ နဲ့ မင်းမသိတဲ့ စကားတွေခါးလှတယ်
အများကရယ် အပီလေဖေါက်ကာ
အရယ်တွေနောက်မှာ လာလာစူး
မညှာတာဘူးပြောတဲ့စကားမှာ
ငါ...မယားထာရူး သာဖြစ်ခဲ့တယ်။

မသာယာဘူးကွယ် ရှက်ဖွယ်ငါအရူး
ကဗျာတွေနူးညံ့တာလည်း ပျောက်ပျက်ကွယ်
နှောက်ယှက်တယ်လို့ အချစ်ကိုထင်ရင်
ရင်ခွင်လည်းကြေကွဲ နေလည်းမဖြေသာသမို့
သေရွာတို့သွားပြီကွယ်။

Comments

"ကဗျာလေးဆုံးတော့ ခဏလေး
ညီမလေးပြုံးမယ်"ဆိုပဲ
ကဗျာတွေကို စာအုပ်ဖုံးထဲ ညှပ်ခံရတယ်ဆိုပဲ။
"ယိုင်အစဉ် ငါ့အချစ်ကို
ပိုင်ရှင်မ မလုပ်ချင်တဲ့မင်း"ဆိုပဲ
"ယောင်လည်လည် ငါ့တစ်ယောက်တည်းမြေ့မြေ့"ဆိုပဲ။
အီး...ကောင်းတယ်ဗျ..
ကြေကွဲမှုတွေကူးစက်ကုန်ပါပြီ
"ရင်ခွင်လည်းကြေကွဲ နေလည်းမဖြေသာသမို့
သေရွာတို့ သွားပြီကွယ်"ဆိုပဲ
အဲဒါတော့မဟုတ်သေးဘူးဗျ
တစ်ရက်စ နှစ်ရက်စ နေပါဦးဗျ
ကဗျာလေးဘာလေးစပ်ပါဦး..
မှတ်သွားတယ်..အသုံးချဖို့ဟုတ်ဖူး
ကြိုက်လို့။
ကိုဂစ်တာ သေရွာတော့ မသွားနဲ့ ဦးလေ....
ပြောလိုက်ရင် မကောင်းဖြစ်တော့မယ်..

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး