အနှစ်နှစ်ဆယ်

.
လွန်ခဲ့တဲ့...နှစ်ပေါင်း ၂၀ တုန်းက...
ဒီနေ့ဟာ အင်္ဂါနေ့ဖြစ်ခဲ့တယ်...
သင်ယုံရဲ့လား.....။
ငိုသံတစ်ခုကြောင့် လူနှစ်ယောက်ပျော်ခဲ့
ငိုသံတစ်ခုကြောင့် လူနှစ်ယောက် ကြည်နူးခဲ့
ငိုသံတစ်ခုကြောင့် လူနှစ်ယောက် တက်ကြွခဲ့
ရင်ခုန်သံအမြန်ဆုံး "ချစ်တယ်" ဆိုတာကြောင့်
သူတို့ရဲ့ အလှဆုံးပန်းတစ်ပွင့် ပွင့်ခဲ့တယ်...
လွန်ခဲ့သော အနှစ်နှစ်ဆယ်။ ။

Comments

ဟိုက်ရှားဘား
တော်တော်မှတ်ဥာဏ်ကောင်းတဲ့လူကြီး။
ဒါပေမဲ့ ကောင်းကောင်းနားမလည်ဘူး
ဘာလို့ ငိုသံတစ်ခုကြောင့် လူနှစ်ယောက် ပျော်ရတာလဲ
စဉ်းစားပြီ..
မဟုတ်မှလွဲရော ကလေးမွေးလို့ပဲဖြစ်မယ်
ကြည်နူးတယ်..တက်ကြွတယ်ဆိုတော့
အလှပဆုံးပန်းလေး ပွင့်တယ်ဆိုတော့
သိဘူးနော်..
လာဖြေပေး..အားရင်။
thonn thonn said…
ဘယ်သူ့မွေးနေ့လဲ..????
သက်တန့် said…
မနေ့တုံးက မောင်လေးရဲ့ အသက်နှစ်ဆယ်ပြည့် မွေးနေ့လား...
အသက် ၂၀ ပြည့်တဲ့ ဂီတာလေးဟာ--
အဂ်င်္ါသားလေးပေါ့လေ---
အသက် ၂၀ ပြည့် မှသည်--အသက် ၁၂၀
ရှည်စေသော်---
နောက်ထပ် အနှစ် ၁၀၀ ကြီးတောင်နေရအုံးမယ်--
ခင်မင်လျက်
မသက်ဇင်
ကောင်းလိုက်တဲ့ မွေးနေ့ကဗျာလေးဗျာ ဘယ်သူမှ
မစဉ်းစားမိတဲ့နေရာက စဉ်းစားထားတာပဲ။
မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။
ခင်မင်လျှက်
ဖိုးဂျယ်

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး