ငါ့မှာလေ

တော်ကီကလေးတွေက အတော်မွှတ်လို့
ဂေါ်လီဆော်ကလေးတွေက လွှတ်သေးသကို
ဇွတ်ကလေးကို တွတ်တီတာနဲ့
ပလွတ်ရွှတ် အီတာပဲကွယ်။
ဒီကအသည်းရယ် နုတယ်အမှတ်
သူ့အရွယ် တတ်သလောက်လေးနဲ့
ဖြတ်လျှောက်ကလေးလည်း ပါသေးတယ်။
ခါသေးတယ် အသာလေးလှုပ်
ငါအတွေးထဲ ရှုပ်စေမလားလို့
ကြာကလေးနဲ့ အဟုတ်ထပ်ကာ
လုပ်ရပ်က နှာသံလေးဖေါ်လို့
အော်...တို့ကို လာကြံသေးတယ်။

ငါပြန်ပြေးမယ် ကြောက်လို့
ဖောက်ဖို့ မလွယ်တဲ့ သစ္စာနဲ့
ချစ်တာက သူ့တစ်ယောက်တည်း
တုမလောက်ပဲကွာ
လျှောက်မြဲသာဆက်ကာ လျှောက်မယ်
အသက်သာပျောက်မယ် မခြောက်တဲ့ ရင်မှာ အခါခါပေါ်
သာနာပျော်အသံလေးတွေနဲ့ အတန်လေးအသားကျပြီမို့
အနားကမခွာချင်
ငါသာလျှင် သူ့အတွက်
ယခုအသက် ဒီကမ္ဘာမှာ မဖြည်သာမေတ္တာ ကြိုးတွေက
ရိုးမြေကျ သစ္စာ။


ကျော်ညိုသွေး

Comments

တော်ကီကောင်းတဲ့ အကိုပဲထင်တယ်ဗျိုး
ကဗျာရေးတာကိုက မိုက်တယ်ဗျ
လာလာပြီးမှတ်သွားတယ်
အသုံးချဖို့ဟုတ်ပါဘူး
ကြိုက်လို့ပါဗျိုး
ကိုဂီတာ---
အချိုးစပ်နည်း ကဗျာတပိုဒ်ပါလား--
ဂီတာ တီးတယ်ဆိုရင် ဒီကဗျာလေးကို
သံစဉ်တွေရှာပြီး--သီချင်းတပိုဒ် ဖန်တီးလို့
ရနိုင်တယ်---
ကဗျာလေး လှလို့ပါ---
ခင်မင်လျက်
thihanyein said…
ကဗျာကိုဖတ်ပြီးရီလည်းရီရတယ် အဟဲ
ရေးတတ်ပါ့ ကိုဂစ်တာရယ်
ဒါပေမယ့် ကောင်းတယ်ဗျ
lovelessguiter said…
ဟုတ်ပဗျာ.. ကိုဂစ်တာကြီးက တယ်ရေးတတ်သကိုး...။
thonn thonn said…
ဘယ်သူကြိုက်ကြိုက် တို့မကြိုက်ပါကွယ်။ :P
အိမ် said…
ဟင့်... ကောင်မလေးတော့ မသိဘူး သားတောင် ကြွေခြင်လာပြီ... ကြွေကျလိုက်ရမလားဟင်...

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး