မယ့် အချစ် စန်း


မယ့် အချစ် စန်း

ကံအကြောင်းမလှတာက
သံချောင်း တမျှကို ခံ ပေါင်း သမျှ ကြွေ
လှန် ထောင်း မရ လေတဲ့ မေ။

အကြံကောင်း တချက်မို့
အမှန် ပေါင်းဖက်ဖို့ ရယ်ကွယ်
သူကြွယ်လင် အ၀င်ချောစေဖို့
တစ်ကယ်ပင် လင်အမော ပြေစေစွမ်းသော်လည်း
အခြေနေ မသွေ ဂွမ်း တာကြောင့်
မေ  စန်းချော်လဲ။

သြော်..ကဲ ..နှစ်လင်ကွာ အပြီးမှာပဲ
ပျော်ဆဲ အကြင်နာသည် မီး မငြိမ်းလေတော့
ရင်မှာအတည် အသီးဖူးပွင့် ဝေေ၀ရယ်နဲ့
မင်္ဂလာစည်တီး ကျူးရင့်လေတယ်။

အရူးပွင့်တွေ လေထဲအလွင့်မှာ
အရူးရင့်နေလေလည်း မလင့်သာပဲ
ခင့်မှာလည်း ကိုယ်ဝန် (တယ်) တည်။

ဟိုအရင်မယ် ကွယ်ကာ လျှိုးကာနဲ့
ကိုရင်ငယ် တကယ်ပါ ဆိုးပါသကွယ့် ကွယ်။
ကျိုးပါမယ့် ကျုပ် အရိုးတွေ ရယ်
အဟုတ်ဆိုးနေတယ် (ကွယ်) တွယ်ကာ ပိုးတာကြောင့်
ကျုပ်အဘိုးတွေ ရယ် (ဟယ်) တစ်ကယ်ပါ  တ မိပါ့
အိုး….လပြည့်ည ဇာတ်လမ်း။

Oh…Shit ကွယ်…ခဏတွေ့ရ အရှိန် မသေလေတော့
ခိုး…အချစ်ရယ်…လပြည့်ည ရင် နှစ်ဖြာပါကင်ထုပ်လို့ရယ်
ကြင်မကွာ မင်္ဂလာ အပါ သိမ်းတော့တာ
နှစ်လင်ကွာ ခင်ကညာ သုံးခါဟိန်း တဲ့ စည်
အုန်းအုန်း ဂျိန်းဂျိန်း ရယ် မြည်။

ဒိန်းတလိန်းအစုံ ပတ်မ နှံလေတော့
ရှိန်းရှိန်းခုန် ဓါတ်က ပျံတော့တယ်
အမှန် မလျှော့တယ် အချစ်မီးအဟုန်က
သစ်သီးအစုံ ခေါင်မိုးကြွေ သလို
မောင် အဆိုးတွေ တောင်ခိုးဝေ လေတော့
လေသော့ လည်း မဖြုံပါ နိုင်နိုင် မတ်ပါတဲ့
မယိုင်ပါ ၀ါဆိုတိုင် တုတ်တုတ်လင်း သလိုပ
အို….ထွန်းသမျှ မကုန်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး