မြန်မာပြည်က ဘရစ်တနီ

မြန်မာပြည်က ဘရစ်တနီ


မထင်ရဘူး ၊ မထင်ရဘူး လို့ ပြောကြတယ် သူ့အကြောင်းပေါ့
ရေထဲမှာ ရွှေငါးတွေ ကူးခတ်နေတာကြည့်စမ်း ဘယ်ငါးလေးက ပိုလှသလဲ
ကြည့်တတ်သူတွေ မြင်လိမ့်မပေါ့ကွယ်
ဒီစာကိုရေးဆဲမှာ သူရှိဆဲ ၊ လူတွေ သူ့ကို ကြည့်နေဆဲ
ကမ္ဘာကြီးရဲ့ အဆင်တန်ဆာ ပြာပြာထဲ ငါးလေးတစ်ကောင်
အပြောင်မြောက်ဆုံး လူးလွန့်နေပုံတွေပေါ့
ပြောင်လက်နေတဲ့ နှုတ်ခမ်းက မထင်ရဘူးတဲ့
အညိုရောင် ဒရာမာတွေမှာ ရေတံခွန်တွေ ဖြန့်ခင်းတတ်တဲ့ သူ့မျက်ဝန်းတွေလည်း
နွေးထွေးတဲ့ နားအစုံတွေကြားမှာ ၀ါးလုံးတန်းပေါ်က အလွယ်တကူ လမ်းလျှောက်သလို
ဂီတ။
လရောင်နဲ့ လိုက်ဖက်တဲ့ မြက်ခင်းပြင်
လျှောက်လမ်းကလေးနဲ့ အဆင်ပြေတဲ့ ရောင်စုံမီး
စမတ်ကျတဲ့ အ၀တ်အစားတွေနဲ့ စပ်ဟပ်တဲ့ ခန်းမ
ဒရမ်ရိုက်ချက်တွေရဲ့ ဘ၀ကို သူခြယ်လှယ်လိုက်တော့
နာကျင်တဲ့ အိပ်ခန်းကိုတောင် မေ့လျော့လို့သွားတဲ့ အာရ်အန်ဘီ။
မြူးကြွတဲ့ သီချင်းသံတွေထဲမှာ ခပ်ရင့်ရင့် အဆွေးစာသား
တက်ကြွတဲ့ ဖက်ရှင်ဆန်းတွေကြားမှာ ရီဝေတဲ့ မျက်ဝန်း
နှုတ်ခမ်းအစွန်းက မျက်ဝန်းတွေလည်း မဲ့ပြုံးနဲ့။
နင်းခဲ့တဲ့ မြက်ခင်းပြင်တွေလည်း ထ က လို့
ရွှေရောင်ဂစ်တာပေါ်က ကလီယိုပါထရာရဲ့ မျက်ရည်တွေ မခြောက်ခမ်းခင်အထိ
တောက်ပနေဦးမယ့် ကြယ်ရောင်
လင်းလက်မှု နဲ့ အတူ ပါလာမယ့် လေလွင့်မှု ပန်းရနံ့များထဲ
အလုပ်သဘောဆန်ဆန် လူမှုရေး ရင်ခုန်မှုများမှာ
သတ္တုကြိုးတွေ အသံမှိန်သွားမလားရယ်
ရစ်သမ်စ်အန်ဘလူးစ် တေးတစ်ပိုင်းတစ်စကြားမိချိန်
လေလှိုင်းကြားက သူ့ရဲ့ အောင်မြင်မှုအတွက်
လပ်ကီးသီချင်းလေးက ယိမ်းထိုးလို့
အရှိတရားကို အသိရားနဲ့ ချိန်သားကိုက်ပါ့မလား ။              ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး