နောက်တစ်နေ့ အစီအစဉ်


နောက်တစ်နေ့ အစီအစဉ်


ရေနွေးကြမ်းအိုး ၊ အကြမ်းပန်းကန်နဲ့
မွှေးညှပ်တို့ အိပ်ရာခင်းပေါ် ပြန့်ကျဲ
ဇန်န၀ါရီထဲ သစ်ခွပန်းတွေ မြံနေချိန်အထိ
ကောင်းကင်ရဲ့ အလိုအရ
တနင်္ဂနွေဟာ ပဉ္စလက်ဆန်ခဲ့ရ
အိမ်ရှေ့က လမ်းကလေးပေါ် လရောင်တွေ ၀ါဝါ
မတွေးချင်တော့တဲ့ သီချင်းသံတွေနဲ့
မရချင်တော့တဲ့ ချမ်းအေးတဲ့ည
မဆန်းချင်တော့တဲ့ ပုံပြင် တစ်ပိုင်းတစ်စ
ဒီညထဲ ကဗျာမျှားထွက်ခဲ့တယ်
အက်ဆေးတွေ အစာတပ်လို့
သီချင်းတွေ ဖွာရှိုက်လို့
အိပ်ငိုက်နေတဲ့ တိမ်တွေကို ပုရစ်သံတွေ လှမ်းတွတ်တယ်
ပိန်းကြာရွက်တွေ ချမ်းနေတုန်း
အပျိုရည် မပျက်သေးတဲ့ စာရွက်ကလေး တစ်ရွက်နဲ့
ငါ……။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး