ညဆိုင်း


ညဆိုင်း

ဟောဒီ ဘဏ်ကြီးသာ မရှိရင်
ဟောဒီ ဟိုတယ်ကြီးသာ မရှိရင်
ဟောဟိုက အမျိုးသမီးငယ်လေးတွေ
ဘယ်မှာများ အလုပ်ဝင်နေမှာလဲ။

အိပ်ရေးမ၀တဲ့ သစ်ရွက်တွေရယ်
အညောင်းမပြေသေးတဲ့ အိပ်မက်တွေရယ်
ညဘက် မအိပ်တဲ့ အမျိုးသမီးငယ် နဲ့
မြင်တွေ့ရသမျှတော့ စိတ်ပျက်တယ် မေ။

ရန်ကုန်က ပလက်ဖောင်းတွေပေါ်မှာတော့
ထမင်းကြော်ဆိုတာ…
အမည်နာမသက်သက်သာ ကျန်ရစ်တယ်။

ငါ့ကို တစ်စုံတရာ က ရှော် ခဲ့ သလို
ငါကလည်း..
ရွှေဧည့်သည် ကို မထီမဲ့မြင်ပြုလို့ ရှော်ပစ်လိုက်တယ်
ပယောဂ မပါပဲ ဒီနေ့လုပ်စရာတွေ မနက်ဖြန်ကို ရွေ့သွားတော့
ဘာဖြစ်သေးလဲကွယ်။            

ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး