သောက်ပြီး နောက်တစ်ရက်မှာ အေးသွားတယ် ဆရာ


သောက်ပြီး နောက်တစ်ရက်မှာ အေးသွားတယ် ဆရာ


အိုင်တီပစ္စည်းတွေ ဈေးကျသွားလား စုံစမ်းကြည့်ပါဦး
အိုင်ဖုန်းဝယ်ပြီးတဲ့ နောက် ဖုန်းဈေးနှုန်းတွေ ကျသွားတယ်
အီလက်ထရောနစ်ပစ္စည်းတွေ Discount ပေးလို့
ဝယ်ပြီးကာမှ
အိုင်တီပစ္စည်းတွေ အထူးဈေးရောင်းပွဲ လုပ်သွားတယ်
ငလျင်တိုင်းတာရေး သမားတွေ ပြန်သွားပြီးမှ
ငလျင်က လှုပ်သွားတယ်
ငလျင်က လှုပ်ပြီးမှ င မလျှင်က လှုပ်သွားလို့
ထမင်းစားပြီးမှ တုတ်နဲ့ အရိုက်ခံရတယ်
ထမင်း တစ်လုတ် တုတ် တစ်ချက် ဆိုသလိုပေါ့
တုတ်နဲ့ အရိုက်ခံပြီးမှ ထမင်းစားချင်တာမျိုး
ထမင်းစားပြီးမှပဲ တုတ်နဲ့ အရိုက်ခံရတယ်
ထမင်းထပ်စားလိုက်ရမလား တုတ်နဲ့ ထပ်ပြီး အရိုက်ခံရဖို့လေ
လုပ်လိုက်တော့လေ လုပ်လိုက်တော့ကွ သင့်တော်ပြီ
အနေတော်လေးပဲ အရည်ပျော်ပြီ အရည်ဖျော်လိုက်မှ
အနေစောနေမှန်းသိလိုက်ရတယ်
ဘယ်ဟာက အနေတော် ဗဟိုချက်လဲ
ဗဟိုချက်မဲ့တယ် သင့်တော်မှန်ကန်တာ မတွေ့
မှန်ကို ကန်ထည့်လိုက်တဲ့ ဘောလုံးမတွေ့တော့ဘူး
 မတွေ့တော့ရင် လှည့်ပြန်စို့ ဒီအတိုင်း ပြန်ထားခဲ့လိုက်စို့
လက်ရှိကိုတွေး အေးအေးနေစို့
ဒီလမ်းကလေးကို နောက်ထပ် လျှောက်ဖို့ မလိုတော့ဘူးလို့ တွေးမိတော့
ထူးဆန်းနေတယ်
ဒီနေရာကို ရောက်ဖို့ မလိုတော့ဘူးလို့ တွေးတယ်
ဒီအချိန်တွေ ပြန်မရတော့ဘူးလို့
ဒီခဲလုံးလေးကို ခလုတ်တိုက်မိဖို့ မလိုတော့ဘူးလို့
ဒီကစားနည်းကို နောက်ထပ် ကစားဖို့ မလိုတော့ဘူးလို့ တွေးမိတဲ့အခါ
ထူးဆန်းတယ် ဆရာ
ပြီးခဲ့တဲ့ ဇာတ်ကွက်ကို တစ်ခါပြန်ကြည့်ဖို့ မလိုတဲ့ အခါ
စိတ်အေးအေးထားဖို့ တစ်ယောက်ယောက်က ပြောတဲ့အခါ
ဟာနေတဲ့ စိတ်ကို ဖြည့်ဖို့ အနာဂတ်ကို အဆက်အသွယ်ပြုဖို့
အသက်ရှုရတာပဲ။
အဆုတ်ထဲဝင်လာတဲ့ အေးနေတဲ့ လေဟာ စိတ်အေးချမ်းခြင်းကို စွမ်းအင်ပေးလို့
အေးနေတဲ့အခါ ပျော်ပျော်နေဖို့ ပျော်နေဖို့က အေးဖို့လိုတာပဲ
အေးဖို့ တစ်ခုခု သောက်လိုက်တယ် သောက်ပြီးမှ အေးလာတယ်
အေးတာ သောက်ပြီးမှ အေးတာ ထပ်တွေ့တယ်
နောက်ဆို အေးတာ မသောက်ရက်တော့ဘူး
သောက်ရက်မှ သောက်တာတွေ မအေးတော့အောင် အေးတာတွေ တွေ့တယ်
သောက်ပြီး နောက်တစ်ရက်မှာ အေးသွားတယ်ဆရာ
နောက်ပြီး သောက်တစ်ရက်မှာ အေးသွားတယ်
သောက်ပြီးအေးသွားတယ် နောက်တစ်ရက်မှာ သောက်မလား အေးဖို့
အေးဖို့ နောက်တစ်ရက်မှာ သောက်မလား ဆရာ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး