မျက်နှာဖုံးများ


မျက်နှာဖုံးများ

ဘာရေးရမှာလဲ
ဘာကဗျာရေးရမှာလဲ
ဘယ်လိုရေးရမှာလဲ
ဘာအကြောင်း ရေးရမှာလဲ
ဘာအတွက်ရေးရမှာလဲ
ဘယ်သူတွေ စိတ်ကျေနပ်စေဖို့
ရေးရမှာလဲ။

“ဘ” ခြောက်လုံး ပြည့်အောင် စဉ်း စားလည်း
ဘာမှ မပြည့်စုံသေးဘူးလေ။

ချောင်းကြည့်နေတဲ့ နားတွေနဲ့
တိတ်တဆိတ်နားထောင်နေတဲ့ မျက်လုံးတွေကို
တွေ့တယ်။

မတူတဲ့ ကဗျာတွေ ချရေးရင်း
မတူတဲ့ ကဗျာတွေ ရှာဖတ်ရင်း
မတူတဲ့ အတွေးတွေ တွေးကြည့်တယ်။

ဘာကိုယုံကြည်လို့ လက်မြှောက်ထားရမလဲ
ဘာကို ကိုးကွယ်လို့ လက်မြှောက်ထားရမလဲ

သိပ်ကြားချင်နေတဲ့ မျက်နှာတွေနဲ့
သိပ်တွေ့ချင်နေတဲ့ အသံတွေကို တွေ့တယ်။

ကျော်ညိုသွေး
မခြောက်သေးတဲ့ ထင်း

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး