ဈေးဦးဈေးဖျား


ဈေးဦးဈေးဖျား

ချယ်ရီ တစ်ယောက်တော့ ထီဆိုင်မှာ အလုပ်ဖြစ်နေတယ်ကြားတယ်။ နေပါ အေ။ ဘယ်ကကြားတာလဲ။ ရေသန့်ဗူး ကို ပိုက်နဲ့စုပ်နေရတာလောက်ပဲရှိတယ်။ သော်တာဆွေ ခေတ်မှာ ကျန်ခဲ့ပြီ။ အဲဒီ ပန်းသေးက ၀မ်းဝေး ညှပ်ပြီး ကတည်းက လမ်းဘေး ကိုပဲ ငေးနေတယ်တဲ့။ ချယ်ရီလည်း အခုအချိန်လောက်ဆို ဒီဂျေ ပွတ်နေလောက်ပြီ။ ဘယ်အချိန်ရှိပြီလဲ။ အခုထိ ညဉ့်က မနက်နိုင်သေးဘူး ဆိုတော့ ကောင်းတာပေါ့အေ။ လူသွားလူလာတွေ ကြားမှာ ဖူနေတာတွေ ရှာဆို ဖူနေတာတွေကနေ ဆူဝေ တာတွေ ဖြစ်ဖို့။ ဟိုနားဒီနား ဟိုသွားဒီသွားလို့ ဟိုထိုင်ဒီထိုင် ဈေးများတာဆို သိပ်မနိုင်ဘူး။ ဟိုကောင်မ ကြယ်စင် ဟိုနားမှာ သက်တန့် နဲ့တွေ့လိုက်တယ်။ ဒီနားမှာ ပုလဲ နဲ့ ရွှေစင် မနေ့က  ဇယားကွက် တွေ ရွဲသွားလို့တဲ့။ ငြိနေကျ ကတက် ကြီး ဆိုင်ကယ် နောက်မြီးဆွဲလို့ စကိတ်စီးလိုက်ရတာ အမောဆိုပဲ။ ခက်တယ်အေ ၊ ခက်တယ်။ အခုအချိန်မှာ လက်မလည် တာဆိုလို့ လျှောက်နေရတဲ့ လမ်းတွေပဲရှိတယ်။ လမ်းတွေကလည်း အလန်းတွေ မဟုတ်ဘူး။ လကုန်ရက်ကလည်း လာကို မလာနိုင်ဘူး။ လ ကုန် ရက်မှာ လာနိုင်တာ က လာစရာတွေပဲ လာပါလာပါ။ လကုန်ရက်မှာ လာမှ လကုန်ရက်မှာ တို့အတွက်လာမှာ။ ဟို ကောင်မ နေခြည် လက်တို့ဖုန်းတွေ ဘာတွေနဲ့ပါလား။ ခုနှစ်စဉ်ကြယ်ပြောင် အမြီးထောင်နေလိုက်တာများ။ ငါတို့ ဒီမှာ ထိုင်နေတာ အီးတောင် လှည့်ပေါက်ဖော်မရဘူး။နေပါစေအေ။ အီးပေါက်ဖို့ အဆင်မပြေလို့နေမှာပေါ့ ဟိဟိ။ ဒါနဲ့ နင်သိလား။ ဟိုနေ့က ငါ့သူငယ်ချင်းဟောင်း အဆင်ပြေနေတဲ့ ဟိုတယ် ကို ရောက်တယ်။ သူ ကျက်စား တဲ့ နေရာထိ ဓါတ်လှေကားနဲ့ တက်သွားတာ ဓါတ်လှေကား ပြန်အဖွင့်မှာ ဓါတ်လှေကားအရင်း မှာ မင်းသမီးလေး နှစ်ယောက်တွေ့တယ်။ အိုး..ပြောင်လက်နေတာပဲ။ တော်တော်လည်း တောင်တက်ကျွမ်းမယ့် ဇယားလေးတွေ။ ငါ့ဘော်ဘော် ပြောတာတော့ ဒီက စပါယ်ယာပတ်စ် လေးတွေတဲ့ ။ ထင်တောင် မထင်ရဘူး ယုန်ကလေးတွေလိုပဲ။ လက်ထဲမှာလည်း လက်တို့လေးတွေနဲ့ ကိုယ့်ဟာကိုယ်ကလိနေကြတာ။ ဟုတ်မှဟုတ်ပဲ။ ဒီဟာလေးတွေများ ကိုယ်တို့ ဘက်ကို ရွှေ့လာရင်တော့ ကိုယ်တို့တော့ ရှစ်ပဲ…ကိုးပဲ…တစ်ဆယ်ပဲ။ အီကိုတွေ ပွန်း ကုန်တော့မှာပဲ။ ခက်တယ်။ အရေးထဲ ချောဆွဲရင် မောလည်း မောတယ်။ ပေါလည်း တဖြည်းဖြည်း နဲ့ ပေါလာတယ်။ အဲဒီကောင်မတောင် ကိုယ်တွေနဲ့ တခြားစီ အီမိုကေ နဲ့ အနေအထားကလည်း အကြေစားပဲ။ နုဖတ်ဥအတ် နေတာပဲ။ KTV မှာ ကာရာအိုခေ ဆိုပေးတာနဲ့တင် ရွှဲရွှဲစိုတယ်ဆိုပဲ။ ချာချင်သွင်းတာကလည်း ရေညှိ နဲ့ ဂျင်ဆင်း နဲ့ ဆိုတော့ ရွှေပဲ ။ ကိုယ်တို့ ဘ၀တွေ သြော်.. ကိုယ်တို့များ..။ ဟို မင်းသမီးလေးတွေဆို အခုမှ အသစ်တွေဆိုတော့ ဘာညာ သာရကာ မိုအကောင်းစားတွေနဲ့ ၊ အော်တိုချုပ်ကလေးတွေ ၊ တို့များ ဖလပ်ဖလပ် တောင်ဖြစ်နေ လို့ ကျောက်ချဉ် ကိုပဲ အားကိုး နေရတာ။ လှေကြီးထိုးရိုးရိုးပေါ့အေ။ ဒါနဲ့ ညည်း ရေချိုးခါနီး အိပ်ထ လုပ်ဖြစ်ရဲ့လား။ အဲဒါ အသာထားပါဦး။ ဟိုနေ့က အကြင်နာ နဲ့ မေရီ တံတားဖြူဘက်မှာ ဆရာလေးတွေ နဲ့ တွေ့လို့ ခါလီ ပြန်လိုက်ရတယ် ဆို။ ဒါတင်ဘယ်က မလဲအေ။ ဟိုနေ့က ငါပါ ခါလီ ပြန်လိုက်ရတာ ဖတ်ဖတ်ကိုမောလို့ ။ အသက် နင် မှတ်မိသေးလား ဟိုနေရာလေ…ကျူပင်တွေရှေ့က ပွကြီးတို့ ဂေဟာ။ အဲဒီနားမှာ ရေရှိတယ် ဆိုလို့ ရွှေ့ကြည့်လိုက်တာမှ ဟော်လို ဂစ်တာကို လက်သင်တွေ အတီးကျင့်သလိုပဲအေ။ ဆရာလေး နှစ်ပွေ နဲ့ ဂွိပါလေရော။ ဘယ်ရမလဲ ငါကလည်း မုန့်တီသောက်လိုက်တာပေါ့။ ဒါပေမယ့် သူတို့ကလည်း မြေအိုးမြီးရှည်လောက်ရှိတယ်။ နေမကောင်းပါဘူး ဆိုမှ ဇွတ် ဆိုလည်း မရဘူး။ အရင်ကတော့  ဒီဇယားတခွင်မှာမတွေ့ဖူးပါဘူး။ အဆင်လေးတွေကတော့ ကွက်စိပ်လေးတွေပဲ။ ဒါ နဲ့ ငါလည်း ပြေလည်အောင် ခင်းလိုက်ရသေးတယ်။ သူတို့ က စိုင်းစိုင်းသီချင်း ဆိုသလား မှတ်ရတယ်။ တစ်အချိုးတစ်ဆိုတာမဟုတ်ဘူး တစ်ကယ်က နှစ်အချိုးတစ်။ ဘီဖိုးပြီးအာဖာတာ အာဖတာပြီး ဘီဖိုး ၊ နိုက်စ်ပြီး ပရီးဗီးယဲ့စ် ၊ ပရီးဗီးယဲ့စ် ပြီး နိက်စ်။ ဟာ့ဖ်တိုင်းမ် တွေဆို ရင် ငါ့ကို မကြားရတာကြာတဲ့ ကဗျာတွေ ရွတ်ပြကြသေးတယ်။ ခဏတော့ လန်းတယ်အေ။ သေချာတာကတော့ သူတို့လေးတွေ အခုထိ ရှင်ပြုရသေးပုံမပေါ်ဘူး။ ကြောက်လို့နဲ့ တူပါတယ် ခေါင်းပေါင်းတော့ ပေါင်းထားကြတယ်။ ဘယ်ရှိဦးမှာလဲ။ လွန်လွန်ရှိ တွမ်တီတူး ၊ သရီးပေါ့။ တစ်ခါတစ်လေ ငဆမန် ထလာရင် အကြမ်းကြီးတွေပဲ။ ငါလည်း ဘာတတ်နိုင်မှာလည်း လုပ်ပေါ့ ရှင်တို့က ရဲတွေ ပဲ။ မနက်ကျတော့ ငါလည်း ပရဆေး ဆိုင် မှာဝယ်ပြီး သွေလိုက်ရတဲ့ ကျောက်ချဉ်။ ညည်းသိလား ငါတို့လည်း ရော့ခ်ကာတွေပဲ ၊ ကြာလာရင် ငါတို့လည်း ကျောက်ဖြစ်တော့မယ်။ အဆိုးဆုံးက ဖြည်ဖြည်း နားထင်တွေ ချိုင့်နေတာပဲ။ အဲဒါ ဘယ်လို ပြင်ရပါ့။ ငါပြောသားပဲ ရေချိုးခါနီးလေးပဲ အချိန်ပေးရမှာကို ။ ဟော..ဟိုမှာ ညည်း အကွက် ရွေ့လာတယ်။ နည်းနည်း တယောထိုးလိုက်။ အဆင်ပြေရင် ငါ့အတွက်ပါ ကဗျာရေးလိုက်အေ့။ ဘယ်လိုလဲ ချစ်ကိုကြီး လေစိမ်းတွေ တိုက်နေတယ်ပေါ့။ မဟုတ်ရပါဘူး။ နွေဦးရယ်။ ဟုတ်ပါတယ် ကိုကြီးရယ်။ ခုတလော နွေဦး မိုးရေတွေမျှော်နေတာ။ ရေစင်ဖြန်းမှလန်းမယ့် အခြေပဲ။ ဟိုက်ရှား ဒိုင် တွေ လန်းနေပါလား။ ကိုယ်တောင် ဂစ်တာ မတီးဖြစ်တာကြာပြီ။ ဒါဆို ကြိုးညှိလိုက်လေ ဥသြထက် လန်းတဲ့ သီချင်းအသစ်တွေ ချစ်ကိုကြီးကို ဆိုပြချင်တာ။ ကိုယ်တို့အဖွဲ့က ခြောက်ယောက်နော်…၊ အတီးသမားတွေချည်းပဲ။ ဂစ်တာသိပ်ကြိုက်တယ်။ ဂစ်တာပဲတီးမယ်။ သာပါတယ်ဗျာ။ နွေဦး ရင်ထဲမှာ သီချင်းတွေရှိပြီးသားပါ။ လိုအပ်ရင် သစ်ခွကို လည်း ပန်းတွေနဲ့ ဝေ ကို ဆိုခိုင်းတာပေါ့နော့။ သူ အင်ထရို ကောင်းတယ်။ အသံငြိမ်တယ်။ အိုး..သာပါတယ်ကွယ်။ အိုး..ချစ်ကိုကြီးကလည်း နေပါဦး ကဲ…ကြည့် …
နေကောင်းပါဘူး ဆိုမှ ……ဇွတ်! ။     ။

ကျော်ညိုသွေး

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး