ကျေးတောသား ကျောင်းစာ

ကျေးတောသား ကျောင်းစာ


ဟောဒီ ဂိမ်းထဲ…
ကျွန်တော်တို့ ရှာမတွေ့သေးသည်များ
နတ်သမီး တစ်ဘက် ငါးရာ တံဆိပ် ရေမွှေး
ဘဏ်စာအုပ်နှင့်တူသော လိုးရှင်းန်
ဘက်စုံသုံး မိုက်ခရိုဖုန်း, ဘောလ်ပင်, အမည်နာမများ

ကဗျာ စက်မှုဇုန်ထဲ
ဝန်ထမ်းခေါ်သံများ ကြားမိပါသလား သူငယ်ချင်း။
Breaking News:
“နှလုံးလှ လူမိုက် ဟု ကိုယ့်ကိုယ်ကို အမည်ပေးထားသော
ကဗျာတစ်ပုဒ် အလုပ်မှ နှုတ်ထွက်သွား”

“အသစ် ထပ်မံ ထုတ်လုပ်လိုက်သည့် ကဗျာ 4V တွင်
ဘထ္ထရီ ပူလာခြင်းမှာ ပါဝင်သည့် ဗားရှင်းဧ။်
အားနည်းချက်ကြောင့် ဖြစ်”

လမ်းလျှောက် ရစ်သမ်တွေ
သင့်လက်မောင်းမှာရော
ငါ့လက်မောင်းမှာပါ ပေကျံ
သိုင်းကားထဲမှာ ကဗျာရွတ်
အချစ်ကားထဲမှာ ဖိုက်တင်
ကိုယ်တို့ရဲ့ ဇာတ်ရုပ်တွေ ပိုမိုပီပြင်လာစေဖို့
ဟောဒီ ဂီမ်းထဲ…
ကိုယ်တို့ ရှာမတွေ့သေးသည်များ ။           


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး