ကျန်နေသေးသော ၀ယ်ခြမ်းစရာများ

ကျန်နေသေးသော ၀ယ်ခြမ်းစရာများ

အဲဒီမှာ စတွေ့တာပဲ မခင်နှင်းဆီရေ…
ဒါနဲ့ စကားမစပ် ဒီကဗျာကို မနေနိုင်မထိုင်နိုင် ဖတ်မိတဲ ပညာတတ်တွေ တွေ့မိရင်
ဒါဟာ အချစ်ကဗျာမဟုတ်ပါဘူး လို့ အော်ပြောလိုက်ပါနော
နှလုံးသားထဲထိ စိမ့်ဝင်အောင် အော်လိုက်ပါ။
လင့်ကင်းပတ်ခ်ရဲ့ ခရတ်တုန်း တွေလို ရော့ခ်သံ ခပ်ပြင်းပြင်းနဲ့ ပေါ့။
မခင်နှင်းဆီ ၀ယ်မကျွေးဖူးတဲ့ ဒင်ဆမ်းတွေကို လုပ်ဖော်ကိုင်ဖက်တွေ ၀ယ်ကျွေးပြီးတဲ့ နောက်ပိုင်း
ကျွန်တော်ရူးသွပ်သွားတာပဲ
ပေါက်ပေါက်ရှာရှာရယ်လို့ပဲ ထင်မလား
ကော်ဖီသောက်တဲ့ခွက်ကို တီဗွီအစီအစဉ် မှာ ဘယ်သူ ကြော်ငြာ လိမ့်မတုန်း
သေချာတာပေါ့…
ကြွေခွက်ရဲ့ သဘောသဘာဝကို လေ့လာစူးစမ်းသူမှာ
ကော်ဖီကြိုက်သူ တစ်ယောက်မဟုတ်လား
အထူ ၊ အပါး ၊ အကျစ် ၊ အပွ  လေ့လာဆန်းစစ် နိုင်စရာ ဟောဒီဘတ်စ်ကားပေါ်က သူရူးတစ်ယောက်ပါလေ
မခင်နှင်းဆီလို့ အော်ခေါ်နေသမျှ လူတွေက အထင်လွဲစရာတွေ ဖြစ်တော့မှာ သေချာတယ်။
ဒါကြောင့် တခြား အမျိုးသမီးတစ်ယောက်ကို ပြောင်းခေါ်မယ်..
အင်ဂျလီနာ ဂျိုလီရေ…
မင်းအတွက် ကော်ဖီဆိုင်လေး တစ်ဆိုင်ဖွင့်ထားတယ်
ဆိုရှယ် နက်ဝဒ်ွေထဲမှာ ကြော်ငြာလေး ကမ်းလိုက်ပေါ့
ခွင့်မတောင်းပေမယ့် ရပါတယ် ။ ဆိုင်ရှေ့ လမ်းကလေး အတိုင်း ၀င်လာခဲ့။
ကြွေကျတဲ့ သစ်ရွက်တွေကို မလှဲမကျင်းတဲ့ အပြင်
အဲဒီလမ်းကလေးမှာ ရှိတဲ့ သစ်ရွက်ကြွေ တွေကို တရွက်ချင်းစီ တစ်ရောင်ချင်း ဆေးရောင် သုတ်လိမ်းထားသေး
လာကြည့်လိုက်ပါ။
သန့်ရှင်းတဲ့ စားပွဲမှာ ကြွေအပွခွက်ကလေးတွေနဲ့ ထည့်ပေးတဲ ကော်ဖီကို အရသာခံ ငုံမြည်းရင်း
တစ်ဘက်ခြမ်းက.
အင်္ဂလိပ်ဘာသာစကား သင်တန်းကလေး ဆီက စာသင်သံတွေကိုရောပေါ့
သင်တန်းသားတစ်ယောက်ကတော့ ပြောတယ်…
ကျွန်တော်တို့ဘာသာ Plot ချမယ် အဲဒီ Plot မှာ လိုအပ်တဲ့ သင်ခန်းစာတွေ စီစဉ် ပေးပါတဲ့
သီချင်းတွေထဲက သင်ယူစရာအပြင် လက်ရှိထွက်နေတဲ့ အင်္ဂလိပ်ဇာတ်ကားတွေထဲက အပိုင်းလိုက်တွေ
သင်ခန်းစာအဖြစ်ယူသုံးချင်တယ်။
သင်ယူစရာ သင်ခန်းစာတွေ ကျွန်တော်တို့ ကိုယ်တိုင် ထုတ်မယ်။
ကိုယ့်ကို ချည်မယ့် ကြိုးကို ကိုယ်တိုင်ကျစ်သူများ ဟု ခေါ်သော စာသင်သား အဖွဲ့လေးများ
မခင်နှင်းဆီရေ…
လူတွေကိုလည်း ငါနားလည်တယ်
ကိုယ့်ကိုယ်ကို လည်း နားလည်တယ်
ကိုယ့်ဘ၀ ကိုလည်း နားလည်တယ်
နားမလည်နိုင်သေးတာ ငါမဟုတ်တဲ့ ငါ့ရဲ့ ရုပ်ရှင်ပေါ့လေ
အော်ပရေးရှင်းတွေ ကောင်းကောင်းလုပ်နိုင်ဖို့ ပလန် တွေ ချကြည့်တယ်။
ခဏနေတော့ အငွေ့ပြန်သွားရဲ့
အေးမြမြသက်နဲ့ တူတဲ့ ဇူဇူးမောင်ကို ငါက အေးမြမြသက်လို့ ထင်နေတာပဲ ခက်တယ်လေ
ခွင့်လွှတ်ပါ။



အရင်တစ်ခါက ၀ထ္ထုစာအုပ်တွေကို တစ်မျက်နှာချင်းစီ ကဒ်ပြားလေးတွေ လုပ်ပြီး
ဖဲချပ်အုပ်ကလေးလို စီစဉ် ဖို့ အတွေးအခေါ် ရဖူးတယ်။
မင်းဓါတ်ပုံကလေးကို အိုင်ပက်ထဲမှာ မြင်မှ
ငါ့ကဗျာလေးကို အီးဘုတ်ရီဒါထဲမှာ မင်းသိမ်းထားတာ ထုတ်ပြချေမှ
ငါဟာ အငွေ့ပြန်သွားလေပြီ။
ငယ်ငယ်တုန်းကဆို ခဏခဏ
လက်ဖက်ရည်သောက်တယ်။
လက်နေတဲ့ ကြယ်တွေကို ဖက်ပြီး ရည်ရည်လည်လည် စကားပြောချင်တာပဲလို့ ပြောဖူးတယ်။
ပြီးတော့ အုန်းသီးဆိုရင် အုန်း…ဆိုပြုတ်ကျတဲ့ အသီးပေါ့ ဒါက အုန်းသီး
ငှက်တွေ ပြောလို့ စားရကောင်းမှန်း သိတဲ့ အသီးကိုလည်း ကြိုက်တယ်။
ကြွေခွက်ဆိုတာ ကြွေကျတတ်တဲ့ ခွက်လို့
အပြင်ဆိုတာ အ နေတာမို့ ပြင်ပ ရောက်သွားတာလို့
စာအုပ် ဆိုတာ စာတွေကို အုပ်ချုပ်ထားတာလို့
အဲဒီတုန်းက အဲဒီတုန်းက
ကြွက်တွေက ကြောင်နံ့ ကြောက်တာမို့
ကြောင်နံ့ပါတဲ့ ကြွက်ဆေးခွေ နဲ့
ငါ ညအိပ်ဖူးတယ် မခင်နှင်းဆီ
အချိန်တွေသာ ပြောင်းလဲခဲ့ပေမယ့် အိုနေတဲ့ ရုပ်က နုနေတုန်းပဲ
အခုထိလည်း ပျော်ရွှင်စရာကောင်းအောင် အထီးကျန်နေတုန်းပဲလေ
ပျော်ပွဲရွှင်ပွဲတွေကလည်း များမှများ
ရောင်စုံတံဆိပ် ကပ်ထားတဲ့ စာအိတ်ကလေးတွေထဲမှာ မင်းကြည့်ပါ
မင်းအတွက် ထည့်ထားတဲ့ လက်ဆောင်
အိုင်တီပစ္စည်းများ နဲ့ ပြည့်နှာက်နေအောင် ဒီဇိုင်းလုပ်ထားတဲ့ Stage ပေါ့
အိပ်မက်တွေ ပြည့်နေတဲ့ ကော်ဖီခွက်ထဲမှာ ပျော်ဝင်နေသော
ကော့ဒ်မပါတဲ့ တေးသွားအသစ်များ
အခုတော့လည်း ပါးစပ်ရာဇ၀င်လေးများ ဖြစ်သွားကြ
MD တို့ GM တို့ ကြောင့်
ကျွန်တော်တို့ ခဏခဏ အသည်းကွဲဖူးကြတာပဲ အသီးအပွင့်တွေ တဝေေ၀
ရှင်ဘုရင်များ ပေးသနားတော် မူခဲ့သော အသပြာတစ်သိန်းကို
ရရှိခဲ့သော လက်လုပ်လက်စားများ အကြောင်း
ရာဇ၀င်များ ဖတ်ဖူးခဲ့ပါသလား မခင်နှင်းဆီ။

ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး