ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး
ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး လမ်းမပေါ်တွင် ကြွက်များကို တွေ့သဖြင့် ဘတ်စ်ကားပေါ်သို့ အလျင်စလိုတက်လိုက်သည်။ ယခုတော့ မိုးများရွာနေလေပြီ။ ထို့ကြောင့် ဟမ်ဘာဂါလည်း သူဧ။်ထီးကို ဖွင့်၍ဆောင်းသောအခါ ဘတ်စ်ကား လက်ကိုင်တန်းများ နှင့် မလွတ်သဖြင့် ခပ်နိမ့်နိမ့်ဆောင်းမိသည်။ ဝတ်ထားသော ဂျင်းဘောင်းဘီ အနားစ များကို မိုးစက်များ ထိမှန်၍ စိုစွတ်နေလေပြီ။ ယနေ့ည မဖျားစေရန် ဆေးတစ်လုံးသောက်မိသည်။ ညစာ အတွက် ဟမ်ဘာဂါသည် ချိစ်တစ်ထုပ်နှင့် ဟမ်ဘာဂါ တစ်လုံး ကို လှမ်းဝယ်လိုက်သည်။ ဘတ်စ်ကား စပါယ်ရာသည် ဟမ်ဘာဂါ ကို ခပ်တည်တည်နှင့် ကြည့်နေသည်ကို သတိပြုလိုက်သည်။ ဟုတ်သည် မိုးများ တိတ်သွားပြီ။ ထို့ကြောင့် ဖွင့်ထားသော ထီးကို ပိတ်လိုက်သည်။ ကားပေါ်တွင် လူသိပ်မရှိ။ ထို့ကြောင့် နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။ ဝိုင်ပုလင်းများ တွေ့သော ကြောင့် ဖောက်၍ သောက်မိသည်။ ဝိုင်ပုလင်း တွင် touch screen နှင့်မို့ အဖုံးဖွင့်ရသည်မှာ လွယ်ကူလှသည်။ အခါတိုင်းဆို ဝိုင်ပုလင်းဖောက်တံ ရှာနေရသည်။ သို့မဟုတ်မူ ပုလင်းခွံဖွင့် သည့် အပြားလေး ကို ဆောင်ထားရသည် ကားပေါ်မှ ပင် မန္တလေးမြို့ကြီးကို လှမ်းမြင်ရသည်။ လမ်းပေါ်တွင် ဆိုင်ကယ်တ...