ဖြိုးဖြိုးခိုင်ကဖေး ညနေများ။


ဖြိုးဖြိုးခိုင်ကဖေး ညနေများ။

တစ်ကြောင်း ကဗျာလေးတွေ ရေးမယ်
အောက်မှာက တစ်ကြောင်း ကွန်မန့်လေးတွေ ရေးပါ။
ဘ၀ဟာ ကွေ့ကောက်တယ် ဆိုပေမယ့်လည်း တစ်ခုတည်း ၊ မျဉ်းတစ်ကြောင်းတည်း
ဘယ်လောက် တောင့်တနေ တစ်ခွက်တည်း သော ချိုပေါ့ကျ
ဘယ်လောက် မွှေးမွှေး ဖက်ကြမ်း တစ်လိပ်ချင်း။
တစ်လှမ်းချင်းလှမ်း လာခဲ့ပါ။
သီချင်းတွေ တစ်ပုဒ် ပြီး တစ်ပုဒ်
လက်ဖက်ရည် အိုးတွေ တစ်အိုးပြီး တစ်အိုး
ငါ့ကြယ်သီး မင်းတပ်ပေးတော့ ၊
မင့် ကြယ်သီး ငါတပ်ပေး။
ညနေခင်းဟာ စီစဉ် တင်ဆက်ပုံကောင်းကောင်းနဲ့ ဖြန့်ရန့်ထားတယ်။
ပုဇွန်ဆီရောင်တွေ နဲ့ ထုပ်ပိုးထားတဲ့
အိပ်တန်းပြန်ငှက်တွေ ရဲ့ စင်မြင့်ဟာ
သင်္ခတုပတ္တိဥာဏ် ရင့်သန်စွာနဲ့ပေါ့။
နံရံတစ်ဘက်မှာ အလတ်ဆတ်ဆုံး သစ်သီးလေးရှိတယ်ဆိုတာသိတယ်။
အလတ်ဆတ်ဆုံး သစ်သီးလေးက နံရံတစ်ဘက်မှာ ဘယ်လိုမျက်လုံးမျိုး
တောက်ပနေမယ် ဆိုတာ မသိဘူး။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး