အချဉ်ဖမ်း ချင်ရင်

အချဉ်ဖမ်း ချင်ရင်


ဘာလုပ်ဖို့ သေသပ်ဖို့လိုတယ် ပေါ့။ သကြားလုံး ခိုးစားမယ်ဆိုရင်
သကြားလုံး ပုလင်းကို ဘယ်လိုထားသလဲ ဆိုတာကနေ
ပုလင်း အဖုံး အရစ်ကို ဘယ်နှစ်ပတ် လှည့်ဖွင့် ရင် ရသလဲ ဆိုတာကိုပါ
သကြားလုံး လက်ထဲ မရောက်ခင်မှာ လေ့လာသင့်တယ်။
ကဗျာဆရာ လုပ်မယ်ဆိုရင် အဲဒါလေးတွေ အရင် လေ့လာပါကွာ။
ခေတ်ပြိုင်ကဗျာဆရာ လုပ်မယ်ဆိုရင် သကြားလုံး ခိုးစားနည်း
လေ့လာပြီးမှ လုပ်ပါ။ဘာလို့ဆို သကြားလုံးက ချိုတယ်လေ။
အချိုဓါတ်တွေက ညီလေး ရဲ့ လျှာ နဲ့ ပါးစပ်တို့မှာ
ကပ်ငြိ။ အဲဒါကြောင့် သကြားလုံး များများစားရင်
အချိုဓါတ်ပြည့်ဝပြီး တစ်ခုခုက
အချဉ်ဆိုရင် တန်းခနဲ သိမယ် မဟုတ်လား။တကယ့် တကယ် တကယ်တော့
ခေတ်ပြိုင် ကဗျာဆရာ ဆိုတာ အချဉ်များများ ဖမ်းတတ်ဖို့လိုတယ်။
ခေတ်ကြီးထဲက အချဉ်တွေ ကို ပုံရိပ်ဖမ်းဖမ်းပြီး မှ
ကဗျာဆိုတာ ဖြစ်ဖြစ်လာတာမဟုတ်လား။
အဲဒီတော့ အချဉ်ကို အာရုံခံ ကောင်းအောင် အချိုများများ စားသင့်တယ်။
သကြားလုံးပေါ့။ သကြားလုံးကိုလည်း ၀ါရင့်သမ္ဘာရင့် ဖြစ်အောင် စားဖို့က ခိုးစားဖို့လိုတယ်။
အင်း အတိုချုံးလို့ ပြောရမယ် ဆိုရင်တော့ ခေတ်ပြိုင်ကဗျာဆရာ ဖြစ်ဖို့
သကြားလုံး များများ ခိုးစားဖို့လိုတယ်။ လူဘ၀ ရဲ့ အဓိပ္ပါယ်ရှိအောင်လည်း
သကြားလုံး များများ ခိုးစားဖို့လိုတယ်။ အချဉ်တွေ ကို
အာရုံခံနိုင်မယ့် ဆန်န်ဆာ တွေကို ရရှိဖို့လည်း သကြားလုံး များများ ခိုးစားခဲ့ဖို့ လိုတယ်။
သကြားလုံး ခိုးစားခြင်း ဟာ တကယ်တမ်း ဘ၀ရဲ့ အဓိပ္ပါယ် ဖြစ်တယ်။
ညီလေးရဲ့ ဘ၀မှာ ဘာလုပ်လုပ် သေသပ်ဖို့ လိုတဲ့ အခါ သကြားလုံး
ခိုးခိုးစားခြင်း ကို သတိရပါ။ ညီလေးဟာ သကြားလုံး ကို လက်လွတ်စပါယ်
မခိုးစားသင့်ဘူး။ ညီလေးဟာ လက်လွတ်စပါယ်နဲ့ သကြားလုံး ခိုးစားခြင်း ကို
မပြုသင့်ကြောင်း အစ်ကို ကြီးက ရေးသားခဲ့လေတယ်။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး