ဗိုလ်ကျားသေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ် - ကျား


ဗိုလ်ကျားသေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ် - ကျား




ရူးချင်ယောင်ဆောင်သူတွေဟာ
တကယ်တမ်းရူးဖို့ ကြုံလာတဲ့အခါ
မရူးအောင် ထွက်ပြေးကြလေတယ်။


ဒီလိုနဲ့…
ဟိုနေ့က တစ်စုံတစ်ယောက်ရှိတယ်
ဒီနေ့ကျ တစ်စုံတစ်ယောက်ရှိတယ်။



သစ်ရွက်တွေ ကြွေကျအောင်လုပ်ပြီးမှ
အခြောက်လှန်းကာ လွမ်းနေတော့မလား
သစ်ရွက်ကြွေလေးတွေ ကြွေကျတာတောင်
လွမ်းရတာ သကြားမပါပဲနဲ့လွမ်း။


ကော်ဖီကြမ်း ကြိုက်သူပုံပြင်တွေလည်း
လွမ်းရတာ
ခါး ခါးလွန်းတယ်။
တန်ဖိုးထားစိတ်ကို လုပ်ယူထားရတော့
ဖိတိုက်လွန်းနေရတာလည်း အညစ်အကြေး မထွက်လာဘူး။
ဘယ်လိုလုပ်မလဲ။


ဟုတ်ပြီ။
ဘယ်လိုပြောရမှန်းတောင်မသိဘူး။
ကိုယ်တို့ပြောနေကြစကားပဲ။
တောရောက်လိုက် တောင်ရောက်လိုက် နဲံ့
တစ်ခါတစ်လေလည်း တည့်တည့်တိုး
ရွတ်လိုက်ရတဲ့ ဒီအသံ
ကိုယ့်ကိုယ်ကို ဘာလိုချင်နေမှန်းလည်း မသိ အောင်
တညံညံ။


ရုပ်နဲ့နာမ် တည်မြဲနေသ၍တော့
မလိုချင်တာဟာ အမြဲဝတ်ထားတဲ့ နားကပ်လည်း မဟုတ်နိုင်ဘူး။
ပြောပါ။
အခုတော့လည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။
နာမည်တွေ လည်း တစ်သီတတန်း
တောတန်းလေးလိုလို ၊ တောင်တန်းလေးလိုလို
တောလိုလို တောင်လိုလိုမို့
တောထဲ တောင်ထဲကလို တစ်ခါတစ်လေလည်း
ကိုယ့်မှာ မျက်စိလည်။


လူဆိုတာရွံ့နဲ့ လုပ်ထားတာမဟုတ်တော့လည်း
ကွေးချင်ကွေး ကောက်ချင်ကောက်
ဆံပင်ရော ၊ စိတ်ရော အလုပ်အကိုင် အကြံအစည်ရော။
ဒီထက်ပိုလည်း ကိုယ့်ကိုယ် ကို သံပတ်ပေးထားမိနေမလား
ဆူးဝတ်ရုံတွေ ၀တ်ထားပြီး
ငိုချင်းချတာတွေ အိပ်ဆေးတွေထက် ပိုပြင်းနေမယ်။





ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး