မြေပဲဆားလှော်နဲ့ လုပ်တဲ့ စက္ကူ

မြေပဲဆားလှော်နဲ့ လုပ်တဲ့ စက္ကူ



ညတစ်ညအကြောင်းနဲ့ သက်ဆိုင်တာ ကို ညတစ်ညထဲမှာ ရှာ။ ငါတော့ ဒီညဖြစ်ဖြစ် ဟိုည ဖြစ်ဖြစ် ။ ဘယ်ညပဲဖြစ်ဖြစ်ပေါ့။တံဆိပ်ခေါင်းတွေ ရောင်းကောင်းတဲ့ ဈေးဆိုင်တန်းတွေထဲ လျှောက်ကြည့်မိတယ်။ ညီဇံလှ ၊ မင်းပြောတဲ့တရုတ်မ က မြန်မာလို ဟီးရိုးလို့ပြောရင် အင်္ဂလိပ်လို Hero လို့တောင် မပေါင်းတတ်။ ဒီလိုအချိန်မတိုင်ခင် ညဦးပိုင်းပဲ။ အရက်ဆိုင် တစ်ဆိုင်မှာ ထိုင်ပြီး မင်းနဲ့ငါ။ ခွေးတွေက ဟောင်လွန်းတယ် ကွာ။ ရင်တထိတ်ထိတ်နဲ့ သောက်နေရတာ ငါတို့ တွေ့ဆုံခြင်းတွေ ၊ ငါတို့ ငေးမောခြင်းတွေ၊မင်းလည်း ဇာတ်ကောင်မဟုတ်ဘူး ၊ ငါလည်း ဇာတ်ကြောင်းပြောသူမဟုတ်ဘူး။ သွားတဲ့သူက သွားပြီ။ကျန်နေခဲ့ ငါတို့ ကျန်နေခဲ့ ။ မင်းထွက်သွားတဲ့ အရပ်မှာ နတ်ဘုရားတွေ မိန့်မိန့်ကြီးပြုံးနေလိမ့်မယ်။ မင်းခြေထောက်ကို ရိုက်ချိုး ၊ မင်းအိမ်လွမ်းနာလည်း သစ်ရွက်ကလေး ကြွေတာတောင် မစောင့်နိုင်တော့အောင် ဆိုးနေတော့။ ငါတို့ဟာ လူပြိန်းတွေ ၊ ဟိုတစ်ယောက် ဒီတစ်ယောက် ပြန့်ကျဲနေ ၊ ငါတို့ဟာ တံဆိပ်ခေါင်း နောက်ကျော က ကပ်နေတဲ့ကော်တွေ ၊ လူပြိန်းတွေ မြို့ထဲမှာ မရှိသင့်တော့ဘူး။လူပြိန်းတွေ တောပြောင်းသင့်ပြီ။ ဒီမြို့ထဲက ထွက်သွားတော့ ငါဟာ ကျန်ခဲ့ပေါ့။ မင်မုန်းတဲ့ဝတ်လစ်စလစ်တွေ ၊ ငါလည်း ရှာလို့မတွေ့သေးဘူး။ လိုက်ကြည့်နေ ၊ ဒီမြို့ထဲ လူပြိန်းတွေသိပ်များ ၊ လူပြိန်းတွေ မြို့ကို သိမ်းပိုက်လို့သွား ၊ လူပြိန်းတပ်ကြီး ချီလာပြီ။ ငါဟာကိုယ်တိုင် လူပြိန်းဖြစ်ကြောင်း သေချာသလောက်ကနေ ရာခိုင်နှုန်း ကျဆင်း။ ဒီတွေဝင် ငါဒီမှာ ဒီတွေဝင်လာပေါ့။ ချောက်ခြား စရာ မြို့ပြကြီးမှာ ။ ဟာဟ သေအောင်ရယ် ။ ငါ တစ်ယောက်တည်း သေအောင်ရယ်။ ဒီညက သောက်နေရတာ တော်တော်များနေပြီ ။ အနက်တွေ ငါ သောက်နေတဲ့ အနက်တွေ ၊ အဓိပ္ပါယ်တွေ ၊ ဆင်ခြေရာခွက်ထဲက လူကုံတန် သစ်ရွက်တွေ ၊ လူပြိန်းတွေ တိုက်တဲ့ စိတ်ကြွဆေးတွေ ၊ လိင်တန်ဖိုးပြ စကားထာတွေ ၊ Nude Art တွေ ၊ ဆင်ခြေ ဆင်လက်တွေ ဒါမှ မဟုတ်ရင်လည်း လိင်စိတ်ကြွ အပြာစာအုပ်တွေ ။ ခရမ်းရောင် မိန်းမအင်္ဂါတွေ ၊ ဆင်စွယ်တွေလို ငါတို့ ထောင်မတ် ခဲ့ကြပြီး ၊ ဆင်စွယ်တွေလိုငါတို့ ဖြတ်ရောင်းခံလိုက်ရ ဒီည။ ဒူဘိုင်းညတွေ ၊ လူရိုင်းအကတွေ ၊ စမ်းသပ်ချန်နယ်တွေ၊ ပန်ခ်တွေ ငါတို့ လောင်ကျွမ်းထားတဲ့ သစ်သားစတွေ။ ဈ - ဇမျဉ်းဆွဲတွေ။ အပေါက်တွေ ၊ ဆင်တွေလို ကျည်နေခဲ့။ တောလား တောင်လားတွေ။


ဟိုတုန်းကပေါ့ ငှက်တစ်ကောင် နဲ့ တစ်ကောင်တွေ့တော့ပြောတယ်။ ငါတို့ နံရံတွေပေါ် လျှောက် သွားကြည့်ရအောင်။ မဖြစ်ပါဘူးကွာ။ ငါတို့ ခြေထောက်တွေက သေးသေးလေး တဲ့။ ဖြစ်ပါတယ်ကွာ။ နံရံတွေက အကျယ်ကြီး။ ဒီလိုနဲ့ သူတို့နှစ်ကောင် လာတယ် ။ ပြီးတော့ ပြန်သွားတယ်။ ဒီနံရံတွေပေါ်မှာ နောက်တော့လည်းခြေရာတွေ ကျန်ခဲ့တယ်။ ဘာလုပ်မှာလဲ။ သူတို့ ငှက် နှစ်ကောင်က ပြန်သွားပြီ။ တနည်းအားဖြင့် ပျံသွားပြီ။ အခုလည်း သူတို့ဟာ လေထဲဝဲလို့။ အစာ ရှာတုန်းပဲ။ ဘယ်သူမှ မသိဘူး အဲဒီ အကြောင်းကို။ မင်းသိမလား။ ငါလည်း မသေချာ။ အခုတော့ နံရံတွေပေါ်က စက္ကူတွေ အချပ်လိုက်ကွာကျ။ ကြမ်းပြင်ပေါ်မှာမင်းတွေ့လား။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး