ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ဆန်းဆန်းပြားပြား ကျန်းမာရေး



ဆန်းဆန်းပြားပြား ကျန်းမာရေး



အဆက်အသွယ်ပြုခလုတ်အစုအဝေးကို
အားပြုမျှော်လင့်မိခြင်းမှာ
စောင့်ဆိုင်းရန်အတွက်ထားရှိတဲ့သီချင်းဟာ
"RunAway"

စံပြုရမယ့်အမှတ်အသားဟာ
ဘောလုံးလေးကိုဆော့ကစားနေ
ဘားတန်းများကိုကျော်ပြီး
ဟိုးအဝေးမှာချယ်ရီကြွေများ။

ခရေကိုခြေနဲ့နင်း
ဘတ်စ်ကားလာရာ ကို လည်ပင်းရှည်နေမိ။
ခေါက်ထားတဲ့ရှပ်အင်္ကျီလက်ထဲမှာ
ဝှက်ထားတဲ့လိပ်စာကို
ငါမရောက်ဖူး။

ရတနာခေါင်းဆောင်များ
နောက်လိုက်ခွေးတွေနဲ့ တသီကြီး။

ကြောင်က တော့ ခံတွင်း ပျက်နေလို့
ဆက်ရက်က ပဲ တောင်ပံကျိုးပါတော့ကွယ်။



ကျော်ညိုသွေး