ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ရယ်သွမ်းသွေး စတေးတပ်စ်

ရယ်သွမ်းသွေး စတေးတပ်စ်


ပျော်မယ်ဆို ကြက်ဥပေါ်မှာ စာရေး
လောကကြီး ထဲ လှမ်းပစ်လိုက်စမ်း။
အဲဒီမှာ ပန်းတွေ အသံမြည်အောင် ထပွင့်လာလိမ့်ကလေး။

ကိုယ့် အကြည့်တွေပါတဲ့ ဆပ်ပြာ ရှိတယ်။
ကိုယ့်နှုတ်ခမ်းတွေ ပါတဲ့ ရေမွှေးရှိတယ်။
မင်း ကြက်ဥ ကို မှန်ထဲကတစ်ဆင့်မြင်ရတယ်။
စမတ်ကားလေး တစ်စီးလို။


ကျော်ညိုသွေး