မျက်လုံးပြူး မျက်ဆံပြူး

မျက်လုံးပြူး မျက်ဆံပြူး



အဲဒါပေါ့ မျက်လုံးပြူး မျက်ဆံပြူး ဆိုတာ။
မျက်လုံးလည်း ပြူးတယ်။ ပျက်ဆံ လည်း ပြူးတယ်။
ဘယ်လောက်ကဗျာဆန်လိုက်သလဲ။
မျက်လုံး နဲ့ မျက်ဆံ တစ်ခါတည်း ပြူးနိုင်ဖို့
လွယ်မယ်လို့ ဘယ်သူထင်သလဲ။
မျက်လုံးပြူးတဲ့ အခါ မျက်ဆံ မပြူး၊ မျက်ဆန်ပြူးတဲ့ အခါ မျက်လုံး မပြူး။
မျက်လုံး နဲ့ မျက်ဆံ တစ်ခါတည်း ပြူးနိုင်တဲ့ အခါ
အဲဒီ ရသ ကို ရသကိုးပါးထဲမှာ ဘယ်နေရာမှာ ကိုယ်စားပြုခိုင်းမလဲ။
မျက်လုံး နဲ့ မျက်ဆံ တစ်ခါတည်း ပြူးတဲ့အခါ
အမြင်ကျယ်လာမလား
ကမ္ဘာကြီးကို ပိုပြီး ကျယ်ကျယ် မြင်ရမလား
ကျွန်တော် တို့ ပြူးဖူး တဲ့ မျက်လုံး နဲ့ မျက်ဆံ
ကမ္ဘာကြီး နဲ့ မဆန့်တော့ ။           ။ 



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး