ခရီး

ခရီး 



လူမှုဝန်းကျင် အသိုင်းအဝိုင်းကနေ
ခွင့်ရက်ရှည်ယူလိုက်တယ်။
ချွေးစက်တွေကို အဖော်ပြုလို့
လေပြေတွေ နဲ့ စကားပြောတယ်။
မြေပြန့်ပြန့်မှာ ကလေးတွေ
ဝင်စို့တစ်ခါ ထွက်စို့ တစ်လှည့်
ဂျင်ပေါက်တမ်း ကစား နေလေရဲ့။
သစ်ရွက်တွေ ကို ကြယ်တွေ လို သဘောထားလို့
ငေးဖြစ်တယ်။
သဲမှုန်တွေ လွင့်လာလိုက်တာ
စိတ်ထဲမှာတော့ ဆောင်းရက်တွေ အတိုင်းပဲ
ဆံပင်ထဲ လက်ချောင်းတွေထိုးလို့ဖွ
ဘယ်ကဗျာမှ အလွတ်မရတော့တဲ့အခါ
နေရထိုင်ရတာ ကောင်းလာတယ်။

ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး