ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး

ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး

 
လမ်းမပေါ်တွင် ကြွက်များကို တွေ့သဖြင့်
ဘတ်စ်ကားပေါ်သို့ အလျင်စလိုတက်လိုက်သည်။
ယခုတော့ မိုးများရွာနေလေပြီ။
ထို့ကြောင့် ဟမ်ဘာဂါလည်း သူဧ။်ထီးကို ဖွင့်၍ဆောင်းသောအခါ
ဘတ်စ်ကား လက်ကိုင်တန်းများ နှင့် မလွတ်သဖြင့်
ခပ်နိမ့်နိမ့်ဆောင်းမိသည်။
ဝတ်ထားသော ဂျင်းဘောင်းဘီ အနားစ များကို
မိုးစက်များ ထိမှန်၍ စိုစွတ်နေလေပြီ။
ယနေ့ည မဖျားစေရန် ဆေးတစ်လုံးသောက်မိသည်။
ညစာ အတွက် ဟမ်ဘာဂါသည် ချိစ်တစ်ထုပ်နှင့် ဟမ်ဘာဂါ တစ်လုံး ကို
လှမ်းဝယ်လိုက်သည်။
ဘတ်စ်ကား စပါယ်ရာသည် ဟမ်ဘာဂါ ကို
ခပ်တည်တည်နှင့် ကြည့်နေသည်ကို သတိပြုလိုက်သည်။
ဟုတ်သည် မိုးများ တိတ်သွားပြီ။ ထို့ကြောင့် ဖွင့်ထားသော ထီးကို ပိတ်လိုက်သည်။
ကားပေါ်တွင် လူသိပ်မရှိ။
ထို့ကြောင့် နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။
ဝိုင်ပုလင်းများ တွေ့သော ကြောင့် ဖောက်၍ သောက်မိသည်။
ဝိုင်ပုလင်း တွင် touch screen နှင့်မို့ အဖုံးဖွင့်ရသည်မှာ လွယ်ကူလှသည်။
အခါတိုင်းဆို ဝိုင်ပုလင်းဖောက်တံ ရှာနေရသည်။
သို့မဟုတ်မူ ပုလင်းခွံဖွင့် သည့် အပြားလေး ကို ဆောင်ထားရသည်
ကားပေါ်မှ ပင် မန္တလေးမြို့ကြီးကို လှမ်းမြင်ရသည်။
လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီး ကို တွေ့လိုက်သည်။
ထိုသူသည် ကဗျာဆရာ ရွှေကိုယ်နတ်(UCSM) ဖြစ်နေသည်။
ဆိုင်ကယ် ဘီးပေါက်သဖြင့် ဆိုင်ကယ်လေးကို ခေါက်သိမ်းနေသည်။
ကိုယ်ကလည်း အလိုက်တသိဖြင့် လက်ပတ်နာရီလေးကို လှမ်းပေးလိုက်သည်
သူက လက်ပတ်နာရီလေးထဲသို့ ဆိုင်ကယ်လေးကို ထည့်သိမ်းလိုက်သည်။
ထို့နောက် လိပ်ပြာလေးကို အိပ်ကပ်ထဲထည့်၍ ဆိုင်ကယ် စက်နှိုးကာ
ကျုံးဘေး ရှိ မြက်ခင်းပေါ်တွင် သွား၍ ထိုင်နေလေသည်။
ရှေ့နားတွင် ပန်းဆိုးတန်းရောက်ပြီ ဟု သတိထားမိသဖြင့်
လှည်းတန်းမှ ငါးကင်တစ်ကောင်ကို ဝယ်လိုက်သည်။
ငါးကင်သည် ရှေ့နားတွင် ရဲရှိသည်ဟု ပြောသဖြင့် ပြတင်းပေါက်တံခါးကို
ပိတ်လိုက်သည်။
ရှေ့နားတွင် ဆိုင်ကယ်နှစ်စီး နှင့် မော်တော်ပီကယ် နှစ်ဦး
မိုးရေများ စိုနေသည်။
မိုးဖွဲဖွဲကျသော်လည်း သူတို့ မိုးရေများ စိုနေသဖြင့် ထပ်စိုသည့် မိုးစက်များက
မသိမသာ ဖြစ်သွားသည်။
ဆူညံ့သံများ ကြားသဖြင့် ကားပေါ်သို့ ဝေ့ဝိုက်ကြည့်လိုက်သောအခါ
လွှတ်တော်အမတ်များ လွှတ်တော် ဆင်းချိန်ဖြစ်သည်ကို သတိပြုမိသည်
ယာဉ်ထိန်းရဲများ တရွှီရွီဖြင့် လမ်းရှင်းပေးနေကြသည်။
ထို့ ကြောင့် ဟမ်ဘာဂါ လည်း လမ်းရှင်းတုန်း လမ်းဖြတ်ကူးကာ
အင်းစိန်ဘက် သွားမည့် ကားပေါ်သို့ တက်လိုက်သည်။
လမ်းပေါ်ရောက်တော့ ကားက မလာသေး။

ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး