ခိုင် ကဖီး ဟာ ဝေးဝေးမှာ လွင့်မျော

ခိုင် ကဖီး ဟာ ဝေးဝေးမှာ လွင့်မျော


ချည်ထည်တွေ နဲ့ နင်နဲ့ သိပ်လိုက်တယ်။
ဒီလိုနဲ့ ကိုယ်လည်း
ကျောက်ကျော တွေ ကို အိပ်မက်မက်နေခဲ့တာ မျိုးရှိတယ်။
တုန်လှုပ်မိပေါ့။

အား...
ဒီညနေခင်းကို မော့သောက်ဖို့
ပြောင်းဖူး လှလှတွေ အတန်းလိုက်သီးနေတဲ့
ယာခင်းထဲ ငါပြေးဝင်သွားချင်တယ်။
လောကကြီးထဲ က လှုပ်ရှားသံတွေကို
သားမင်း တစ်ကောင်က ရင်ခုန်သံနွေးနွေး နဲ့
ချောင်းကြည့်သလိုမျိုးပေါ့။

အရောင်တွေ နဲ့ ကိုယ်နဲ့ လုံးထွေးရစ်ပတ်
ဒီရက်သတ္တပတ်တော့
ကိုယ်နွေးထွေးနေဦးတော့မယ်။

ဘ၀ ရဲ့ တစ်ခုတည်းသော အဓိပ္ပါယ်
ရှာဖွေပုံချင်း မတူတာမျိုး နဲ့
ငါတို့ ဟာ သစ်ပင်တွေ ပါပဲ။

အောက်စီဂျင်ကို ရှာဖွေ နေသူချင်းအတူတူ
ဟိုက်ဒရိုဂျင်တွေ ကို မှုတ်ထုတ်နေတာလည်း
ဖြေးဖြေးပေါ့။
တစ်နေ့နေ့တော့
မင်းနားလည် လာလိမ့်မယ်။

အရောင်မရှိတဲ့ ပန်းချီကားချပ်တွေ အကြောင်းတော့.
စာလုံးပေါင်း မမှားစေနဲ့။
အခုတလောလည်း..ငါ
“ဘာစိတ်မှ မရှိပါဘူး” ကို ခဏခဏ ပုတီးစိပ်နေလေရဲ့
စိတ်ကျန်းမာဖို့
ဆိပ်ကမ်းက လှိုင်းကြက်ခွပ်ကလေးတွေ သွား သွားကြည့်တယ်။
သမ္ဗာန်တွေက ဆိုက်ရောက်လိုက် ထွက်ခွာသွားလိုက်။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး