နင်သာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ရင် ငါလေယာဉ်ပျံတွေ တဒီးဒီး ပျံနေတော့မှာပေါ့ စောနန္ဒာခိုင်
နင်သာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ရင်
ငါလေယာဉ်ပျံတွေ တဒီးဒီး ပျံနေတော့မှာပေါ့ စောနန္ဒာခိုင်
အန်ဒရူးနီလင်း ကို လည်း ဒီအကြောင်း ပြောပြဖြစ်မယ် မထင်ဘူး။ ပန်းသီးအနီတွေ က တော့ ဘုရားသခင် ဆီမှာ ရိုကျိုးနေတုန်း အခါ။ ဟိုတစ်ခါက ပြောဖူးတဲ့ အိပ်ဆေးတွေ အကြောင်း သီတာ ခုနှတန်လေး လည်း ဘယ် နေရာမှာ ရွှဲရွှဲစိုနေမတုန်း။ တချို့ ကပြောတယ်။ ပုခက်လွှဲရင်း ကဗျာရေးရင် ကဗျာထဲမှာ စမ်းချောင်းလေး တွေ စီးနေသတဲ့။ ငါမသိခဲ့ဘူး မမခိုင်။ မူပိုင်ရှင်ကြီး ဆွဲဖြဲလိုက်တဲ့ ဟိုတုန်းက ကျောက်စာတွေ လည်း မိုးရေထဲမှာ အခါခါ တောက်ပ။ ကိုယ်လုံးပေါ် မှန်တချပ်ဝယ်ပြီး ရင် ဘာမဆို စားကောင်း သောက်ကောင်းပဲ။ နင်လည်း ပဲ ဒီအတွက် ၊ ဒီ မော်ဒယ်လ် ကို သိမှာပဲ။ မှန်ထဲမှာ ပေါ်နေတဲ့ အရိပ်ဟာ မှုန်ဝါးဝါး။ ချောင်းဆိုးပျောက်ဆေးတွေ မှောက်ကျတဲ့ ညဟာ။ နင်ကြုံဖူးတဲ့ ပျားရည်တွေ မှောက်ချ လိုက်တဲ့ ညထက် သာနေမယ်။ လောကကြီးကို အချဉ်ပေါက် ၊ အီမိုကေ ထား ၊ Tablet တွေ သောက်မလို လုပ် ၊ စိတ်ဓါတ်တွေကျ ၊ မျက်ကွင်းတွေညို ၊ ကဗျာဆရာတွေ ကို ဘီယာထဲ ထည့်သောက် ၊ ရင်ညွန့်ပေါ်တဲ့ ချည်သား အင်္ကျ ီလေးတွေ ဝတ် ၊ နင် တစ်ယောက်တည်း ကျောက်ကျောတွေ ကျိုချက် ၊ ကားရန့် စတေးတပ်စ် ဟာ ဖျားနာနေတဲ့ စာရွက်တစ်ရွက် အကြောင်း ၊ စုတ်စုတ်ပြတ်ပြတ် ခွေးကလေးတွ နဲ့ နံနက်စာစား ၊ အီမိုဂျင်းတွေဝတ် ၊ ဆံပင်တွေ ကော်ဖီရောင်ဆိုး ။ မိုဘိုင်းဖုန်းထဲ ကဗျာဆရာတွေ ကို အင်စတောလ် လုပ်။ နောက်ဆုံးပေါ် နာမည်တွေပေး ၊ နောက်ဆုံးပေါ် ကဗျာတွေရေး ၊ ဒီလိုနဲ့ တိုင်းတပါး အလံဟာ နင့်ပါးမှာ ဆေးမှင်ကြောင်စွဲခဲ့တာလား။ အလုပ်စားပွဲပေါ်မှာတော့ အခုဆို စာရွက်တွေချည်းပဲ။ ကိုရီးယား က ဝင်လာတဲ့ ရေညှိပြားတွေပေါ်မှာပဲ အရုပ်ရေးတယ်။ သစ်ငုပ်တူးတော့ ညောင်ဥ ပေါ် ဆိုသလို ပဲ။ ဂျိုလီကတော့ အသက်ကြီးသွားပြီ ၊ အရှေ့အလယ်ပိုင်း က မဲမဲသေးသေးလေးတွေ ကို ထိန်းသိမ်းစောင့်ရှောက်သလို ငါ့အိမ်က ကြောင်ကလေးတွေကိုပဲ တာဝန်ယူပါတော့ကွယ်။ သူတို့တွေ နို့ဆာနေကြတယ်။ ခြင်ကိုက်တဲ့ ညတွေတိုင်း ထွေးပွေ့မယ့် ရင်ခွင်လိုတယ်။ ကိုယ်လုံးပေါ် မှန်တွေထဲက ငါမမြင်ရတဲ့ နင့်အရိပ်တွေ ထဲမှာ ကြောင်ကလေးတွေ နင့်ကို အော် ခေါ်နေကြပေါ့ ။ နောက်ဆုံးတော့ နင် တစ်ယောက်တည်း ဂူအောင်းနေထိုင်နေလည်း ရေသန့်ဗူး အဖုံးတွေ ငြင်းဆန်တဲ့ သီချင်း ငါ တစ်ယောက်တည်း ကြားခဲ့။
Comments