သ တ င်းေ ထာ က် မ လု ပ် ချ င်ေ တာ့  ဘူး မာ မီ ။

သ တ င်းေ ထာ က် မ လု ပ် ချ င်ေ တာ့  ဘူး  မာ မီ  ။


ဗန္ဓုလ တံတားအောက်က ကားဂိတ်ဘက်ထွက်ခဲ့တယ်။
ဗန္ဓုလ တံတားအောက်မှာ တတွတ်တွတ်နဲ့ ဘာတွေ ပြောနေခဲ့သလဲ တွေးကြည့်ပေါ့။
သစ်ပင်တွေ အခေါက်ထူခဲ့ပေမယ့် လည်း
ပုတ်သင်ညိုတွေ အရောင်ပြောင်းတတ်ပေမယ့်လည်း
တတွတ်တွတ်နဲ့ ဘာတွေ ပြောနေခဲ့သလဲ။
ဒီအချိန်ဆို ဟို ဗာဒံပင်ရိပ်မှာ ဆိုက်ကားသမားတွေ လည်း ကျား ထိုးနေတော့မယ်။
ဒီအချိန်ဆို ဟို မြစ်ကမ်းနားမှာ သမ္ဗာန်သမားတွေလည်း မွေးဌာနီ ကို သီချင်းလုပ်ဆို
နေတော့မယ်။
ကိုယ်တိုင်မသိလိုက်ပဲ။
ကိုယ်တိုင် သိနေတဲ့ အသိတွေ လွှင့်ပစ်လိုက်ရရော
ဒါကြောင့် ကပ်ငြိပေကျံနေတဲ့ အစေးတွေက ကပ်ချင်သလို မကပ်ချင်သလို
ဒီလိုနဲ့ ဟိုလိုနဲ့
ဟိုလိုလို ဒီလိုလို မိုးတိမ်တွေ ရေသန့်ဗူးထဲထည့်ပြီး မိုးအတုတွေ ဖန်တီးနေခဲ့တာပဲ။
ဗန္ဓုလ တံတားအောက်မှာ တတွတ်တွတ်နဲ့ ဘာတွေ ပြောနေခဲ့သလဲ တွေးကြည့်ပေါ့။
ကြားနေ၀ါဒ မကောင်းဘူး ၊ ဝေးဝေးနေ၀ါဒ ပဲကောင်းတယ်။
အရူးကို သူမသိအောင် ဓါတ်ပုံရိုက်လိုက်ရင် ကိုယ့်အနားက ထွက်သွားရော။
ဒီလိုနဲ့
ကိုယ့် အရူးစိတ်ကို ကိုယ်ပြန် ဓါတ်ပုံရိုက်လိုက်မိတယ် မာမီ
မသိစိတ်က အလိုလို ဂစ်တာကြိုးကို နဂါးပျံလုပ်ပြီး တိမ်တွေဆီကို ပျံဝဲသွား
God Of War ဂိမ်းထဲကလို။


ကျော်ညိုသွေး


PS- မာမီ = Mommy

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး