ဂျလန်းတွေ နေတဲ့ရွာ

ဂျလန်းတွေ နေတဲ့ရွာ


ဟေး တိုးတိုး
သူတို့ပြောတဲ့ စကားစုတွေမှာ
အဓိပ္ပာယ်ရှိတယ်။

ဒါတွေဟာ တဖြည်းဖြည်းပေါက်ဖွားလာတာ
ဒီအချိန်မှာ မင်း လက်မခံရင်
အဆင်မပြေလောက်ဘူး။

အမှားဆိုတာ မရှိတဲ့ ခဏ
မင်းကိုယ်မင်း
ယုံကြည်မှု ကိုလွှမ်းခြုံ
လေပြေထဲ အသာမျှောတတ်ရင်
မင်းကိုယ်မင်း
အင်ဖက်တွေကို လွှမ်းရုံ။

မသိတတ်တာက
မင်းအမှား
သိတတ်တာက
တိတ်ဆိတ်တိုးလို့သွား
ကြားရတာ မင်းနားကို မင်းသစ္စာဖောက်ထား။

ပက်တမ် တွေ ၊ လိုင်းတွေ ၊ စတုတ်ခ်တွေ၊ စတုန်းတွေ
ကာဗ့်တွေ ၊ ဟတ်ဖ်တုန်းတွေ ၊ ကွာတားတုန်းတွေ
ဗစ်ဇစ်ဘယ်-အင်ဗစ်ဇစ်ဘယ် ကွန်းဖလစ် တွေ
ရှဲဒိုးတွေ ၊ ရှန်တိန် တွေ ၊ ခရော့စ်တွေ၊ ဗလင်းဗလင်းတွေ
တွေ့ ပြီ တွေ့ ပြီး မင်းကို နာနာထုထားတာ
ဒီကင်းဗတ်ပေါ်မှာ ဝေနေတဲ့ ခရေတစ်ပွင့်
မိုက်ကန်းကန်း အရောင်အဆင်း
စတစ်ကာ တစ်ခုနှစ်ခုနဲ့ တူတဲ့ တိမ်နွဲ့
ချမ်းမြေ့  တဲ့ တောင်ခြေက အိမ်ကလေးနဲ့
ဟိုက်တက်ခ်တွေ လွန်ဆွဲပွဲ အနားမှာနေဦး။

ခဏတော့စောင့်
အသားကျသွားရင်
အဆင်ပြေသွားလိမ့်မယ်။
အခုတော့
သူတို့ သောက်သမျှ
မင်းမူးဖို့ပြင်ထား။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး