မျက်နှာစာများ - ၂

မျက်နှာစာများ - ၂


ဈေးကွက်ပျက်နေလည်း
လောကတစ်ခုထဲ တိုးဝင်လာမယ့်
ဖားသူငယ်တွေ။

ရေခံနေရတဲ့ မိုးတွေ ထဲ
ရွာချ လိုက်တဲ့
အသင့်သောက် ရေပုလင်းတွေ။

ဖွံ့ဖြိုးဆဲနိုင်ငံပေါ့
ကောင်းကင်ဓါတ်ကြိုးတွေ အတွက်
သစ်ပင်တွေ အနစ်နာခံ
အိုဇုန်းလွှာကြီး အပေါက်ပိုကျယ်လာ။

ကမ္ဘာကြီးထဲ(In The World)
ငြိမ်းချမ်းရေး နိုဘယ်ဆုတွေ
တစ်ယောက်ပြီး တစ်ယောက် ဆွတ်ခူးသွားကြ
ကောင်းပါတယ်။
ဒီကမ္ဘာကြီးထဲက လူသားတစ်ယောက်ချင်းစီတိုင်း
ငြိမ်းချမ်းရေး နိုဘယ်ဆု ရကြပါစေ။

ဒီလိုတွေးပြီး
မင်းအပြောမှာ မင့် ဘော့စ် သောက်တဲ့
အပြာရောင် ယစ်ရွှေရည်ကြောင့်
ငါဒီည အတော်မူးခဲ့ပြီ။

စိတ်ကျ တတ်တဲ့ သူငယ်ချင်း
သောက်တဲ့ ဗီတာမင်က
ဖိုထိုးတဲ့ သီချင်းတဲ့ ခဏခဏ ပြော
ဟောဒီ တွင်းထဲက
အဖြူတစ်လှည့် အမည်း တစ်လှည့်
နှိုက်ထုတ် ရတာလည်း
ဟောဒီ သမိုင်းထဲ ငါတို့ တင်ကျန်ခဲ့တဲ့
နှစ်ကာလ များတဲ့ ကွယ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး