မေး ၂ ခွ

မေး ၂ ခွ



ကိုယ့် ကိုယ်ကို မေးမိတယ် နှစ်ခွ အဓိပ္ပါယ်တွေနဲ့
ကိုယ် ကိုယ်တိုင် ရူးမိတယ် နှစ်ခွ သော ရူးပုံနဲ့
ကိုယ့် ကိုယ်ကိုယ် ပြန်မြင်နေရ လမ်းနှစ်ခွ မှာ ကိုယ် နှစ်ယောက်ရယ်။
ကိုယ်ကိုယ်တိုင် ဆင်ခြင်မိ နှစ်ခွ သော ခံစားမှု။
အဲဒီ မြောင်းလေးအတိုင်း ဆင်းသက်မိစဉ်
ရေတံခွန်တစ်ခု...
တောင်ကုန်း တောင်တန်း ရေပန်းဥယျာဉ်..
ဆင်တွေ ခုန်ဆင်းသွား ချောက်ကမ်းပါး
မျက်ဝန်းလို စမ်းရေအိုင် လေးမှာပဲ ကိုယ်ရပ်တန့်တာ
ရပ်တန့် မရအောင် ကို။
ဆန်းဆန်းပြားပြား ကိုယ်မဖွင့်နိုင်တဲ့ ရွှေတံခါး
စွယ်တော် ရွက်တွေ လိပ်ပြာတွေ လို ကြွေတဲ့ နွေပန်းချီများ
ဆောင်းလယ်နှင်းတွေ ထဲမှာ
အဖြူ အစိမ်း တွေ မြင်ကွင်းထဲ တိမ်လိုရွေ့  နေ...
ခရေတွေရယ်...
ပန်းခင်းလမ်းရယ်...
စိမ်းမြမြ ဖက်ဖူးတွေရယ်...
နေရောင်ခြည် ချိုချိုရယ်...
ကိုယ် ကိုယ်တိုင် ရူးမိပါသော နှစ်ခွ သော ရူးပုံရယ်...။
ံHead & Shoulder လှိုင်းအလျားတွေရယ်...
ရွှေပြည်နန်းရယ်...
အစိုင်းရယ်...
ဈေးသည် နှစ်ယောက် ပလက်ဖောင်းပေါ် နေရာလုပုံရယ်..
ဒေါက်ထည့်ထားတဲ့ မာစရိုက် ပလက်ဖောင်းလေးရယ်။
တကြော်ကြော် အော်ရောင်းတဲ့ စပါယ်ပန်းကုံးကလေးရယ်။
ဖုန်ထူထူလမ်းကလေးမှာ ဖုန်တင်နေ တဲ့ သစ်ရွက်ကလေးရယ်...။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး