လေထုထဲက ရေနံများ

လေထုထဲက ရေနံများ


အကြီးကျယ်ဆုံး ဦးနှောက်တွေက အစ
အရောင်လွင့် အရောင်မှိုင်း ငွေကြယ်တွေ အဆုံး
အာနိသင်မပြယ်သေးသရွေ့ ပူစီဖောင်းလေးတွေဟာ
အထက်မှအောက်သို့ သဘာဝတရားနဲ့ ဆန့်ကျင်သွေဖည်လို့
မြင်နေရတဲ့ ရုပ်ရှင်ပြကွက်မှာ ရေနံတွေရဲ့ ဘ၀သစ်ကုန်စည်ဟာ
အနုပညာမြောက်လှစွာ ရယ်မောစေတယ်။

ခဲတံမှာ ခဲဖျက်မပါဘူး။
စာရွက်ဟာ ဘေးမျဉ်းမလိုဘူး။
လက်ချောင်းများက အသံပြုတဲ့အခါ
တိမ်တွေဟာ တေးကိုဆိုလို့
ကောင်းကင်ဟာ သမိုင်းကိုရေးလို့
အာကာသဓါတ် ထွန်းလင်းတဲ့ လေပြည်ဟာ
အရောင်အသွေးသစ် ပန်းချီကိုချယ်လို့။

လိုအပ်ရင်ယူဆောင်သွားနိုင်တယ်။
မလိုအပ်ရင် ချန်ထားခဲ့နိုင်တယ်။
နောင်လာ နောက်သားတွေ အကြောင်းလည်း မရှိ
လက်ဆင့်ကမ်း သယ်ဆောင်ရမယ့် တာဝန်လည်း မဟုတ်
ရာသီဥတုဟာ အရာရာနဲ့ ကင်းလွတ်တည်ငြိမ်လို့
လင်းလက်နေတဲ့ မျက်နှာကြက်ဟာ
မျက်နှာစိမ်းလူတွေ တစ်ယောက်နဲ့ တစ်ယောက် ကို
တည်ကြည်ခန့်ငြား ရွှင်ပြစေတော့တယ်။

ရတုန်းရခိုက်မှာ ခဏတာဟာ
ပွင့်လင်းစွာ ဟန်ဆောင်ရုံပဲ ဈေးကွက်ရှိရင်
လိပ်ပြာလေးရဲ့ ၀တ်ရုံ ဟာ ခါချလိုက်တော့
ခေတ်ပေါ် မိတ်ကပ်ရနံ့တွေဟာ
ဇီးရိုးတစ်လှည့် ၀မ်း တစ်လှည့်နဲ့။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး