ပုံပြင်

ပုံပြင်




မြို့ကြီးပြကြီးမှာတော့ ဒီလိုပါပဲ။
အမျိုးကောင်း သမီးလေးတွေရဲ့ အိပ်ခန်းထဲက ဖုန်းစခရင် ပေါ်မှာ
မီးတောက်ကလေးရဲ့ ခြေကျင်းဝတ် အလှနဲ့ စကားလုံးတွေကို ဒီညက ရှက်သွေးဖြာနေခဲ့တယ်။
မင်းကိုယ်မင်းတောင် တို့ထိကြည့်ဖို့ မ၀ံ့ရဲခဲ့တဲ့
မင်းရဲ့ အာရုံခံ ကိရိယာလေး ချွေးပြန်နေတော့မယ်။
ခြင်ထောင်ဇာ အကွယ်က ချော်ရည်နွေးနွေးဟာ
တယ်လီပသီဆိုတဲ့ အဖွဲ့ ကို ရယ်မောကြတယ်။
ဆယ်ကျော်သက် ကဗျာတွေထဲ က..
ဂန္ထ၀င်မှာ စံတင်လောက် တဲ့ စာသား အတွေး အခေါ်
ကြင်နာမှု ၊ သိမ်မွေ့တဲ့ ရင်ခုန်သံ ၊ အယဉ်ကျေးဆုံး အနမ်း
ပန်းကလေးတွေညှိုးရင် ငိုရသလား
သစ်ရွက်တွေ ကြွေကျရင်ရော
ရွက်ဝါလေး တွေ သိမ်ငယ် နေရှာတယ် မျက်ရည်ဝဲစရာ ပ
အသည်းထဲမှာ ဓါတ်အားမျှင်းမျှင်းလေး ခိုဝင်
အဓိပ္ပါယ်တွေ ထိပ်ဆုံး မှာက..
ဂြိုလ်ပြာပြာလေးပေါ်မှာ ခိုပြာပြာလေးတွေ
လုံးထွေးနေကြလေရဲ့။
ရတနာရောင်တွေ ပြိုးပြက်
ဘိလိယက် သီးလေး ကျင်းဝမှာ ရစ်သီ
အချစ်ကားတွေကြောင့် စစ်သား ဖြစ်ခဲ့ရတာပ
လိုင်စင်မဲ့ ဒုံးကျည်တွေ တရစပ် ပစ်ချီ
အတုတွေဟာလည်း အားလုံး သူရဲကောင်းဆန်ခဲ့ပြီ။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး