ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

My Moon - 200 Pound


My Moon - 200 Pound



အဆင်မပြေပါဘူး အချစ်ရယ်။
ဝါးလုံးခေါင်းလောက်ပဲ ရှိတဲ့
ရေတွင်းပေါက်ထဲ။
ကိုယ့် ဂါလံပုံးကလေးနဲ့
ဘယ်လိုရေခပ်မလဲ။
ဗျိုင်း ငှက် ကို
မြေခွေးက ၀ါးပိုးဝါးထဲ ထည့်တိုက်တဲ့
ရေ တစ်ဝက်လို ရယ်။
အိပ်မက်ထဲ မှာ
ပုလင်းထဲ ထည့်လှုပ်တဲ့ ငါးကလေးတွေ
လူးလွန့်ပျံသန်းနေ။


ကျော်ညိုသွေး