ကိုယ့်အသက်အရွယ် ၂၀ ကျော်ပြီး နိုင်းလောက်တော့ ရှိ


ကိုယ့်အသက်အရွယ် ၂၀ ကျော်ပြီး နိုင်းလောက်တော့ ရှိ



ဟိုနေ့က မျက်နှာချိုလွင်လွင် နဲ့
စကဒ်ဝတ်ထားတဲ့ကောင်မလေး
လေးဆယ့်ငါး ကားပေါ်က ဆင်းသွားတယ။်
သူ့တင်ပါး ပိုပိုသာသာ တုန်နေ ခုန်နေပုံလေး
အခုထိ မျက်ဝန်းထဲက မထွက်
သူ့မျက်ဝန်းတွေ စိုနေပုံလေး
အခုထိ ဝေ့၀ဲနေဆဲ။

အခုထိ နွေရာသီပါပဲ
ခရေတွေလည်း ပွင့်တယ်။
မသုံးဖူးတဲ့ ဆော့ဖ်ဝဲလ်
ဘယ်လိုပဲဖြစ်ဖြစ် အသစ်ပါပဲ အသစ်ပဲကွယ်။
နှစ်ဆယ့်တစ်ရာစုမှာ
စမတ်ဖုန်း ကိုင်တာ
စမ်းသပ်ချက်တွေ ပြုလုပ်ဖို့ တဲ့။

သူ့လမ်းအကူးမှာ
ဘောဒါစပါယ်ရာကြီးလည်း
ပတ်ဝန်းကျင်တွေ ကျွတ်ကျကုန်တယ်။
ကိုယ်လည်းပဲ ပတ်ဝန်းကျင်ကို
ဆွဲခြုံလိုက်တယ်။
ဂျိုဗန်မက်စ် ရနံ့ နဲ့ ဟို ဘော်ဒီ လှလှ သုခုမကြီးကို မျက်နှာလွှဲ
ခဲနဲ့ပစ်လို့ရယ်။

ဒီကြားထဲ
ဟိုကောင်တွေ စုံတွဲ
ဆိုရှယ်နက်ဝဒ်ထဲမှာ ကညော့နေတာတွေများ
သူ့တင်ပါး ပိုပိုသာသာ တုန်နေ ခုန်နေပုံလေးမျာ။
ပြ ...
ပြလိုက်ချင်ရဲ့  ကွယ်။

သူတို့ မြက်တွေ စိုက်တယ်
မြက်ခင်းတွေပေါ် လှဲအိပ်ကြတယ်။
အခုထိ မြက်တွေ ရဲ့  အယားတွေ
ပြောလို့ ဆိုလို့ ကောင်းတုန်း။

မင်းတို့ မြက်တွေ နဲ့ မတူ
သူ့တင်ပါးလေး ပိုပိုသာသာ တုန်နေခုန်နေပုံလေး။
ကိုယ်က တစ်ကိုယ်တော်....
မင်းတို့က အတွဲအစပ်ဒီဇိုင်း
နှစ်ယောက် တွဲရေးတိုင်း ကဗျာဖြစ်မလား သူငယ်ချင်း

တော်သေးတာပေါ့...
ကိုယ်က သိုင်းတတ်ပေလို့
သူ့ စကဒ်လေး သိပ်ပျော့တယ်
သူ့တင်ပါးလေး ပိုပိုသာသာ လှုပ်နေပုံလေး အတိအကျ
အဲဒီ လမ်းကြားထဲ
ဘာလို့ လူတွေ သူတွေ သိပ်ရှုပ်ထွေးရတာပါလိမ့်ကွယ်။

ဆိုဂျူသောက်ပြီး ကိုယ်တစ်ယောက်တည်း
ယဉ် ယဉ် ကျေးကျေး မူးနေတယ်။
မျက်ဝန်းထဲ လမင်းလေး ထထက
အခုနေ ငလျင်ထ လှုပ်လိုက်ပါလား
ချိုင့်ခွက်တွေ များတဲ့ လမ်း
ဘီအမ် ကား လေး လိမ့်နေသလို။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး