လေထုထဲက ရေနံများ - ၂


လေထုထဲက ရေနံများ - ၂


ရွှေစုသလို ၊ ငွေစုသလို
ကိုယ်တို့ ဇီးရိုးကစ အသိတွေ စုခဲ့တော့
မာနဟာ ကိုယ့်တို့ ဒဗိုက်စ် ထဲမှာ
တမ်ပိုရာရီ မောင်တိန်း။

ဒါဟာ ခေါင်းစဉ်ဖြစ်တယ်။
ဒါဟာ ဦးထုပ်ဖြစ်တယ်။
ဒါဟာ ထရိတ်မတ် ဖြစ်တယ်။
ကလောက်ဒ် ဟာ ကိုယ်တို့ရဲ့ 
အတုအယောင် မေ့ပစ်လိုက်ခြင်းတွေ ဖြစ်တယ်။
လွှင့်ပစ်လိုက်တဲ့ သိမ်းဆည်းခြင်းတွေ ဖြစ်တယ်။

အသိဥာဏ်ဟာ ဟမ်ဘာဂါ တစ်လုံးရဲ့  ပါဖောမန့်စ်နဲ့
သီချင်းတစ်ပုဒ်ဟာ ပရိတ်သတ်ရဲ့  စာသားနဲ့
အသက်ရှင်ခြင်းဟာ တာ့ခ်ျစကရင်နဲ့။

လမ်းခုလတ်ဟာ
မရှိတဲ့ နံရံဟာ
ဗာကျူရယ်လီ မက်တီရိယယ် ဟာ
သတင်း အရင်းအမြစ်ဖြစ်တယ်။
မသိမသာ ရပိုင်ခွင့်ဖြစ်တယ်။
နှင်းဆီပန်းတွေ ကွယ်လွန်ချိန်လည်း ဖြစ်တယ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး