ချန်နယ်ဇီးရိုး မှာ လွှင့်နေတဲ့ သီချင်း


ချန်နယ်ဇီးရိုး မှာ လွှင့်နေတဲ့ သီချင်း


ပေးမယ် ယူမလား၊ ယူချင်တယ်။ မပေးဘူး။
ဒါဆိုလည်းနေ သုညကနေ တစ်ကမ္ဘာလောက် အဲဒီ အစွန်း နှစ်ဘက်ကြားက တန်ဖိုးတွေ
သူ့အလိုလို မြေကြီးထဲက ၊ လေထဲမှာ ဖြစ်ပေါ်လာခဲ့ သူ့အလိုလို။

ယူမလို ပေးမလို ၊ ယူချင်ယူလိုက် ၊ ပေးချင်လည်း မပေးချင်သလို ၊ ပေးချင်ရင်ပေးလေ။
တစ်ကမ္ဘာလုံးမှာ အရောင်တစ်ရောင်တည်း သိမ်းပိုက် မယ်လား ဒါဆိုရင် ပုံပြင်တွေ မီးလောင်သွားမယ်။
အဓိပ္ပါယ်တစ်ခုတည်းက သီချင်းတွေ အားလုံးကို ပိုင်စိုးမလား။ အေးကွာ။ စိတ်ချ။
မှားတဲ့ ပုစ္ဆာတွေ အောင်မှတ်မရဘူးဆိုတာ မမှားသေးဘူး မဟုတ်လား။

ခွင့်တောင်းတာတောင် မရဘူး ဟုတ်စ။ အဲဒီဘ၀ ၊ ဟိုဘ၀ ၊ သည်ဘ၀ ဘ၀အားလုံး
မြေကြီးထဲက လာတာပဲမို့လား။
ကျောက်ကျောတွေလည်း တစ်လွှာပြီး တစ်လွှာ ။
အလှကြည့်နေရုံနဲ့ ဘာမှ ဖြစ်မလာနိုင်တာ အသိပဲ ၊ အသိပဲ။
ကလေးပျော်အောင် ကျောင်းထား။
အဆာပြေအောင် ကော်ဖီသောက်တာလောက်တော့ အီကြာကွေး မပါလည်းရတယ် နော့

ပေးမယ်ယူမလား ။ မယူချင် သွား ။ ယူချင်တာ မယူချင်တာ အသာထား။
ပတ္တမြားက ပတ္တမြား ၊ ဟာသကို ဟာသလို မြင်ရင် ဟားဟားဟား
ကြားသလား။ ကြားသလား ရှားပါးပြီးရှားပါး။

တစ်နေ့တခြား အားနည်းလာတဲ့ စာအုပ်တွေထဲ
ဦးထုပ်ဆောင်းပုံ ၊ အင်္ကျီဝတ်ပုံ ၊ ဖိနပ် စီးပုံတွေ ပဲ သင်ကြား။

အနှစ်နှစ်ဆယ်လောက် ကြာပြီးတဲ့အခါ အရာရာလှပသွား။
သမိုင်းတွေထဲ ပါလာမလား ၊ ဘာဖြစ်ဖြစ် အနှစ်နှစ်ဆယ်ကြာမှာ။
အဲဒီအခါ အ၀ါက အ၀ါ အပြာက အပြာ
ပြီးတော့ ကဗျာ က ကဗျာ။
မင်း စောင့်ရကျိုးနပ်မှာ မင်းတွေ့ ရမှာက
မင်းလိုက်ရှာနေတဲ့ ၀ါ ၊ စိမ်း ၊ နီ ၊ ပြာ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး