ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

တစ်ကမ္ဘာလုံး အနှစ်သက်ဆုံး ကဗျာ ၂


တစ်ကမ္ဘာလုံး အနှစ်သက်ဆုံး ကဗျာ ၂


မပြည့်တဲ့ အိုး မို့လို့
ဘောင်ဘင်ခတ်တာတွေ ရွှန်းပ
ပြည့်တဲ့ အိုးတွေ များ
ညောင်းညာ။
ဆိုလက်စ သီချင်း တွေ ရပ်ရပ်ရပ်
အချစ်ဆိုရင်
ထောင့်ငါးရာက ပူလောင်တယ်။
ငါးရာနှစ်ဆယ့် ရှစ်မှာ ဘတ်စ်ကားစောင့်စီးတယ်။
ရေသည်သာ အကောင်းဆုံး သောက်စရာ
သနပ်ခါးရေကျဲ က
အသားအရည်လှပစေ တဲ့ ကဗျာ
သစ်ပင်တွေ ကို ကယ်လိုရီ လျှော့စေချင်
ဒိုခရုမန်ထရီ တစ်ပုဒ်ထဲ
ဆံပင်တွေ ရှည်နေတဲ့ ကဗျာ
အမ်မ်စီတွေ နှုတ်ခွန်းဆက်လိုက်တဲ့ နံရံများ
တစ်ကမ္ဘာလုံးမှာ
အိပ်မက်များ ထဲ ကော်ဖီများ အမွှေးဆုံး အပိုင်းအခြား
ဖော်ပြရန်ခက်ခဲ သလေ။


ကျော်ညိုသွေး