ချော့ကလက်မှို


ချော့ကလက်မှို



အန်တီလေး ကြောင့်
ခေါင်းပေါင်း ပေါင်းချင်ခဲ့ရတဲ့ စက္ကန့်တွေဟာ
နှစ်တရာကြာမှ ပွင့်တဲ့ သစ်ပင်ရဲ့ ပန်းတွေလို
အမှတ်တရတွေ က မှုန်ပြပြနဲ့။

မှိုတက်နေတဲ့ တိပ်သားတွေကြားက
ကြည်လင်တဲ့ အသံအပိုင်းအခြားမှာ
ကြားရတဲ့ ကြုံတောင့်ကြုံခဲ
ဂီတရဲ့  တန်ဖိုးလို။
အိုးစကူးလ် ရက်ပ် သီချင်းလေးတစ်ပုဒ်
အန်တီလေးရဲ့  ဣတ္ထိယ တောင်ကုန်းတွေဆီက
လွင့်ပျံလာတယ်။
ရည်းစားစာ ဆန်တဲ့
ကဗျာလေး တစ်ပုဒ်တော့
ဒီကမ္ဘာထဲ အလေ့ကျ ပေါက်ခဲ့ပြီ။
လူငယ်ဆိုတာ ဒီလို မိုက်ရူးရဲ
အန်တီလေးရဲ့ ချောက်ကမ်းပါး
ဘယ်လောက်နက်သလဲ
အပြောနဲ့ မယုံ
အန်တီလေးရဲ့  နွံ့
ဘယ်လောက် စေးပိုင်သလဲ
စာတွေ့ နဲ့ အားမရ။
ဖိုတီဖိုက် ဆိုတာ
ကျွန်တော် သိပ်ကြိုက်တဲ့
ကွမ်းစားဆေးပဲ လို့ တွေးတယ်။
အန်တီလေး ဆိုတာ
ကျွန်တော် တို့ လူငယ်တွေ
ကြည့်တဲ့ ဇာတ်ကားတွေထဲက
စိတ်မ၀င်စား ဖြစ်တဲ့
ကာရိုက်တာ။
အန်တီလေး ဆိုတာ
နယူးစကူးလ် ရက်ပ်တွေကြားမှာ
နားစည်တွေကို ပြုစားတတ်တဲ့
Bass သံ ငုပ်ငုပ်။
နှုတ်ခမ်းနီ တောင့်ကို
လှည့်ပြီး ထုတ်လိုက်ပါ အန်တီ။



ကျော်ညိုသွေး

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး