Business Hour (ရုံးချိန်)


Business Hour (ရုံးချိန်)


ဝင်းဝင်း ဆိုတာရုံးက ကောင်မလေး
သူကအထက်လူကြီးတွေအားကိုးရတဲ့သူဆိုတော့
အထက်လူကြီးတွေအတွက် Win
ကျွန်တော်တို့ကိုချိုချိုသာသာဆက်ဆံတဲ့တဲ့ပါးချိုင့်လေးနဲ့မို့
ကျွန်တော်တို့အတွက်ခင်မင်စရာ Win
ထို့ကြောင့်သူ့နာမည်ဝင်းဝင်း။
အမွှေးတိုင်ဖယောင်းတိုင်မထွန်းပဲ
ဆုတောင်းမိတယ်...
"အခုတလော ဒေါက်ဖိနပ်သံတွေခဏခဏ
ကြားရပါစေသား"



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး