ယဉ် ကျေးမေ

ယဉ် ကျေးမေ



အချိန်တန်လာတော့
သဘာဝတရားကြီး ရဲ့အောက်
မင်းလည်း တောင်ကုန်း ၊ ချိမ့်ဝှမ်းတွေ အသွယ်သွယ် မိန်းကလေး။

ဒီလို သိပ္ပံလွန် ကမ္ဘာက ပါးသည်ထက် ပါးလာတယ်။
အိုဇုန်းလွှာကြီး က ပါးသည်ထက် ပါးလာတယ်။
ယဉ်ကျေးမှု က ပါးသည်ထက် ပါးလာတယ်။

မြို့ပြရဲ့ ငှက်တွေက ပိုမို ရဲတင်းခဲ့ ကလေး။
ပန်းတွေက ဆိုးဆေးနဲ့
လမ်းတွေက ချိုးကွေ့ သည်ထက် ချိုးကွေ့
မိုးနေ့မှာ မင်းဆောင်းတဲ့ ထီးကလေးလည်း အကြည်ရောင်
ရေစိုနေတဲ့ ဒီတောင်တန်းတွေ ပြောင်မြောက်စွာ ယိမ်းခါတယ်
မင်း ရဲ့ ငလျင်တွေကို တောအုပ်ဆိုင်းဆိုင်း နဲ့ ထိန်းပါကွယ်။

အိုဇုန်းလွှာကြီးကိုလည်း အတုမခိုးနဲ့ ကလေး
အခုတစ်မျိုး ၊ တော်ကြာ တစ်မျိုး
လေလို ၊ တိမ်လို အရောင်စုံတွေ နဲ့ ခဏတာ အမှန်တရားတွေထဲ
မင်း မြေဆီလွှာတွေ အတိုက်စား မခံနဲ့လေ။
အခေါက် ကွာ နေလည်း ပိတောက် အ၀ါတွေ ပြယ်မလွင့်ဘူး။

မင့် တောင် စဉ် တောင်တန်း
လျှိုမြှောင် ချိုင့်ဝှမ်း ၊ အဆန်း အပြား တွေနဲ့ မင်းရဲ့ လွင်ပြင်ကျယ် အစွန်းက နှင်းဆီ
ယဉ်ကျေးတဲ့ ကဗျာတွေ ဖွဲ့သီလို့
ချိုကြည်တဲ့ မွှေးရနံ့ အဖြာဖြာ နဲ့
မင်းဟာ …
စိမ်းပြာရေညှိတွင်းကလေး ကို ပိုင်ဆိုင်သူ။
ဂျင်းန် အပြာ ၊ အစိမ်း တွေ ထဲက ယိမ်းနွဲ့ တဲ့ လမ်းကလေးလည်း
ပန်းသွေးရောင် ချည်ထည် ကလေး ကို လွမ်းနေခဲ့တယ်။

မင်း တောင်ကုန်း တောင်တန်း တွေ ဆီ က လူရိုင်း ဗုံ သံတွေ ဆူညံနေဆဲမှာ
စံပါယ် တွေ က သူတို့ ရဲ့ ရနံ့ နဲ့ သက်တန့်ရောင် တွေ ကို ငြင်းဆန်
ကိုယ်ပိုင်ဟန် ကို ထူထောင်ကြပေါ့ကွယ်။



ကျော်ညိုသွေး

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး