တင် လိုက်တဲ့ ဇာပုဝါ နောက်မှာ ဇော်ဂျီ အက က မိ နေတော့တယ်။

တင် လိုက်တဲ့ ဇာပုဝါ နောက်မှာ ဇော်ဂျီ အက က မိ နေတော့တယ်။



ချော်ပြီး မတွေး နဲ့ ဇော်
ငါချစ်တာ မင်းရဲ့ ငလျင်ကြောမသေ တဲ့
ဆင်စွယ်ရောင် တောင်ကုန်းတွေလည်း
မဟုတ်ဘူး။

မင်းတစ်ကိုယ်လုံးကို ရှုစားကြည့်တဲ့ အခါ
ငါ့အတွေးတွေဟာ ဆူပွက်လာစေပါရဲ့လေ။

ဘာပဲဖြစ်ဖြစ်
မင်းဟာ တစ်ကမ္ဘာလုံးက ဂျင်းန်ပန်တွေ ရဲ့ သခင်မ
ကိုယ့်ပြည် ကိုယ့်ရွာက
ရိုးရာ ချည်ထည် ချည်သားတွေ ရဲ့ အရှင်
ဒေါက်ဖိနပ် အမြင့်တွေရဲ့ ကိုယ်ပေါ်က
ယိမ်းနွဲ့ ခါရမ်း
လေပြည်တွေ လမ်းပျောက်စေတဲ့ သံစဉ်ပဲ

စိတ်တော့ မဆိုးနဲ့
ခပ်တိုးတိုး ပြောမယ်။
လင့်ဝတ္တရား ငါးပါးဟာ မင်းရဲ့ အဆင်တန်ဆာ မဟုတ်လည်း
သဘာဝကျကျ နဲ့ ငါ့ အိပ်ရာဟာ နွံအိုင်တစ်ခု ဖြစ်ဆဲပဲ ဇော်။

လမ်းများများ မလျှောက်ပါနဲ့ ဇော်
မင်း ဖုန်ထူထူ လမ်းတွေ မို့မောက် တွန့်ခေါက်
နောက်လူတွေ လမ်းပျောက်လိမ့်မကွယ့်

ငါ့ရဲ့ အငေးတခြားတွေကို
မင်းရဲ့ အပြေးအလွှားတွေက
ရပ်တန့်စေတဲ့ အခါ
စိတ်ရော ကိုယ်ပါ
ဖောင်းပွ ခဲ့ရပေါ့ကွယ်။

မင်း နှုတ်ခမ်းတွေ က လေးကိုင်း ဆိုရင်
အဲဒီ လေးကိုင်း ကို ငါက
ခဏခဏ မြှား ပြောင်းပြန် မှားတပ်နေ မိတာပဲ
မွန်းမတည့်နိုင်သေးတဲ့ ကိုယ့်ညတွေ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး