X Rays

X Rays


Dancing Floor မှာ Mood အပြည့် နဲ့
ကချင်တိုင်းကနေတဲ့ အလှမယ်လေးလား။

ခင်တန်းလေးထက်က လေတိုက်တိုင်းယိမ်းနေတဲ့
သစ်ရိုင်းပင်ကလေးလား။

Impression ပန်းချီကား။

အခုတော့
ရောင်စုံမီးတွေနဲ့ လွတ်ကင်း
မင်းဟာ ကိုယ့်ရဲ့ ရင်ဘတ်ထက်က Dancing Queen
အ၀ါ နဲ့ အပြာ နှစ်လွှာထပ် Graffiti ရေးဖို့အတွက်
ကြံစည်ရင်း။

လက်ခုပ်သံ ကျယ်ကျယ် ဖွင့်
စက္ကန့်တွေ နောက်ချန်ရင်း
မင်းလှုပ်ပြတဲ့ ငလျင်
ကိုယ်မြေပြင် ၊ မင်းတောင်ကုန်း
တဒုန်းဒုန်းခုန် တဲ့ ရင်။

မျက်လုံးထဲ မြင်နေတော့ အဲဒီမှာ လှိုင်းတွေ
လှိုင်ဂူထဲ ဗုံတီးနေ အဲဒီမှာ လူရိုင်းတွေ
မျက်ဝန်းချင်း ထိခတ်တော့ အသံမဲ့ ရိုင်းမ်တွေ
ပတ်လုံးတွေ ထဲမှာတော့ ကြိမ်နှုန်း မြန်တဲ့ ဆိုင်း တွေ
အပူနဲ့ အအေး ဆုံမှတ်တွေထဲက သက်တန့်ရောင်စုံ လေးကိုင်းလေး။

မဲ့နေတဲ့ ဘာသာစကားကို ဖော်ပြတဲ့ အိတ်စ်ပရက်ရှင်း
စည်းဝါးကိုက် ထွန်းလင်းမှု့ကို အာရုံထဲက ချိန်စက်ရင်း
မျှဝေတဲ့ အလေ့အကျင့်ကို မလေ့ကျင့်ပဲ အိပ်မက်ရင်း

ကမ္ဘာဦး ကတည်းက မရိုးခဲ့တဲ့ ဖက်ရှင်
သွားနေဖူး လမ်းတွေထဲ သွားနေခဲ့တဲ့ Stepping
သချာင်္ လို ဖော်မြူလာ တစ်ခုပြီး တစ်ခု ထွက်ရင်း။

လက်ဝါး နဲ လက်ဝါး
လက်ဖမိုး နဲ့ လက်ဖမိုး
အမျိုးမျိုး ထိတွေ့ကြည့်ပြီးတော့
မိုးသက် မုန်တိုင်း နဲ့
ဆင်တွေ ခုန်ဆင်းသွားတဲ့ ချောက်ကမ်းပါး
ပုံပြင်လို ဖြစ်သွား။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး