ကြောင်သေးပန်းသွား တဲ့ နံရံ


ကြောင်သေးပန်းသွား တဲ့ နံရံ


ဖြစ်တဲ့ အပွင့်တွေက ပို ကျူးရင့် ကြတယ်။
ဂျိုကာ ရေ မင်း ဆို တဲ့ အလွမ်း သီချင်းက
ဟောဒီ ပန်းခင်းထဲမှာ တော့ တစ်ခန်းရပ်ဟာသ
အရောင်တွေ တောင် ကျ ကုန်ပြီ။

သိပ်တော့ အရောင် မရင့်လိုက်လေနဲ့
ကနွဲ့ ကလျ ၊ ပဲ့ ကျအောင် ဖွဲ့ နွဲ့
ပြီးတော့ ခပ်ရဲ့  ရဲ့   အပြုံး တစ်ချပ်အောက်မှာ
ဇွန်၊ ဇူလိုင် လို စိုရွှဲ
မင်းမျက်လုံးထဲက တိမ်တွေ ရွဲ သွားရော့မယ်။
နော့..လေ နော့ လေ နော့။

အရွယ်ရောက်ပြီဆိုတော့
ကိုယ့်ပိုင်နက် ကိုယ်ပြင်ဆင် ပွတ်သပ်
ရှိသမျှ ဂလင်းတွေထဲ က အငွေ့အသက်နဲ့
အမေ့ခက်မယ့် ကဗျာတွေ ရေးနေတော့လေ...
ဆန်းဆန်းပြားပြား လွမ်းတတ်ရင်
လေယာဉ်ပျံတွေ တောင် ငှက်ဖြစ်တယ်။

"အသန်း" ရေ...
ငါပေးမယ့် ဂျင်းဘောင်းဘီ တစ်ထည်နဲ့
မင်းနွေးပါစေ...
မင်းဟာ ရူးတဲ့ ဘီလျံနာ
မငိုပါနဲ့ ဆိုလည်း မရ
မျောက်တွေ ကို ကိုယ်သတိရတယ်။
သြော်...
မျောက်တွေ ကို ကိုယ်သတိရနေပါပေါ့လား။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး