ကျောင်းပိတ်ချိန်


ကျောင်းပိတ်ချိန်


ကောက်ရိုးတွေ ပြန်လည် သက်ဝင်လာပုံ
ဟော..ဟိုမှာ…တံလျှပ်တွေကို ဖမ်းမိတဲ့သူငယ်
သူ ရယ်နေလေရဲ့  ။

မေ့ဆေးဆွတ်ခံရမယ့် လက်ကိုင်ပုဝါက
ရောင်းထွက်ဖို့ ရာ တစ်ပြင်ပြင် ၊
အအေးထဲ ရောခံရမယ့် အိပ်ဆေးတွေက
ပူလောင်အိုက်စပ်။
စီးထားတဲ့ ဖိနပ်က
ကိုယ့်ကို ပြန်အားပေးတယ်။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး