ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ကျနော့်ရဲ့ ရင်ဘတ်နဲ့တော့ ကွက်တိပဲ


ကျနော့်ရဲ့ ရင်ဘတ်နဲ့တော့ ကွက်တိပဲ



ဘုန်းသန့်ကျော်တစ်ယောက် ည ခုနှစ်နာရီ လောက်ရောက်ပြီဆို စိတ်ညစ်ရပြီ ၊ အိမ်မှာ ရှိသမျှ လူတွေ အကုန် ၊ မိန်းမအပြင် သားသမီးတွေက အိမ်က တီဗွီကို အပိုင်စီးထား လိုက်ကြပြီလေ။ အဲဒီအချိန်ဆို အိမ်က တီဗွီကို သူမပိုင်တော့ ၊ မိန်းမ နဲ့ သားသမီးတွေပဲ ပိုင်တော့တယ်။ သူကြည့်ချင်သည့် တခြားလိုင်းတွေကို ဘယ်လိုမှ ကြည့်မရ ၊ မိန်းမနှင့် ကလေးတွေ က ခုနှစ်နာရီ ကိုရီးယားကား ကို မျက်တောင် မခတ်တမ်း ငေးနေကြတာ သူကတော့ ကိုရီးယားကား မကြိုက်။ ဒါနဲ့ပဲ သူလည်း အပြင်ထွက် လက်ဖက်ရည်ဆိုင်ကို အသာကြွရတော့တာပဲ။ အပြင်က လက်ဖက်ရည်ဆိုင် မှာ အဲဒီအချိန်ကတည်းက သောင်တင်နေလိုက်တာ ညဘက် ဆယ်နာရီ ၊ ဆယ့်တစ်နာရီလောက်မှ ပြန်ရောက်တတ်တယ်။
          အခုလည်းကြည့် ဘုန်းသန့်ကျော် တစ်ယောက် တီဗွီရှေ့မှာ ထိုင်မယ် ကြံရုံ ရှိသေး ၊ ကိုရီးယားကား လာတာနဲ့ ကြုံတော့ မိန်းမနဲ့ သားသမီးတွေ လုပ်လက်စ အလုပ်တွေ ပစ်ချထားလိုက်ကြပြီး ၊ တီဗွီရှေ့ ကို လွှားခနဲ ရောက်လာပြီး၊ တီဗွီ ရီမုတ်ကွန်ထရိုးကို အပိုင်သိမ်းပစ်လိုက်ကြတော့တယ်။ ဒါနဲ့ ပဲ ထုံးစံအတိုင်း စိတ်ပျက် ၊ လက်ပျက်နဲ့ အိမ်အပြင်ထွက် ၊ ခြေထောက်က ကွန်မန်းပေးထားသလို လက်ဖက်ရည်ဆိုင်ဘက်ကို အလိုအလျှောက် ရောက်လာတယ်။ လမ်းထိပ်လက်ဖက်ရည်ဆိုင်နားလည်း ရောက်ရော စိုးမိုး တစ်ယောက် သူ့ရဲ့ လောလောလတ်လတ်တုံးထားလို့ ပြောင်နေတဲ့ ဂတုံး ပြောင်ပြောင်ကို ပွတ်သပ်ပြီး ထွက်လာတာတွေ့လိုက်ရတယ်။ ဒါနဲ့ပဲ နှစ်ယောက်သား လက်ဖက်ရည်ဆိုင်ထဲက မန်ယူပွဲကြည့်ဖို့ ၀င်ခဲ့လိုက်တယ်။
          မန်ယူပွဲ ကြည့်ရင်းနဲ့ စိုးမိုးနဲ့ လေပန်း နေကြတာက အိမ်က အကြောင်းတွေပဲပေါ့။
“အိမ်က မိန်းမ နဲ့ ကလေးတွေ ကကွာ ညနေ စောင်းပြီ ဆိုရင် တီဗွီရှေ့မှာ အစီအရီပဲ ကိုရီးယားကား ကြည့်ဖို့အတွက် တီဗွီကို အပိုင်စီးထားကြတာ” ဟု ဘုန်းသန့်ကျော်က ရေရွတ်တော့…
စိုးမိုးကလည်း “ ဘာထူးသေးလဲ ကွာ အိမ်ကမိန်းမကလည်း ကိုရီးယား မင်းသား မင်းသမီး တွေ ကို ငမ်းငမ်းတက်နေတာပဲ ကိုရီးယား ကား ကြည့်သာ ကြည့်တာ ကိုရီးယားကားထဲက ဟိုမင်းသမီးလေး ၀တ်တဲ့ အ၀တ်အစားနဲ့ ဆံပင်က မိုက်လိုက်တာ ၊ ဟိုမင်းသား လေးက ချောလိုက်တာ နဲ့ ဖက်ရှင်တွေပဲ အတုခိုးနေလိုက်တာ ကွာ၊ အဲဒီ ကိုရီးယားကားထဲက ဟင်းချက်တာတွေ တော့ အတုမခိုးဘူး ၊ ဒီလိုသာ ဟင်းချက်တာကို အတုခိုးလို့ကတော့ စိုးမိုးတို့ တော့ ဗိုက်ကို ခွေးနမ်း ပြီပဲ” ဟု စိုးမိုးက မကျေမချမ်း ဖြင့် ပြောတော့ ဘုန်းသန့် သဘောကျမိသွားသည်။ စကားလည်း ပြောရင်း ဘောလုံးပွဲလည်း ကြည့်ရင်းနှင့် အဲဒီနေ့က တော်တော်ညဉ့် နက်မှ အိမ်ကို ရောက်ဖြစ်သည်။

********************************************


ဒီကနေ့ လသာသည်။ ကိုနိုင် နှင့် ဖြိုးဖြိုး တို့ လည်း အပြင်ဘက်ထွက်ပြီး ကဲပြီ ၊ သူတို့ အမေက လည်း နောက်ထပ် ကိုရီးယား ကားတစ်ကားကို ကြည့်နေပြီး သူတို့နှစ်ယောက်ကတော့ ထိုဇတ်လမ်းတွဲ ကို မကြိုက်ကြ။၊ အစ်မ အကြီးဆုံးဖြစ်သည့် ဆောင်းနှင်းယွန်း  ကလည်း ရုံးကပြန်လာကတည်းက ပင်ပန်းတယ် ဆိုပြီး စောစော အိပ်ရာဝင်သွားသည်လေ။ အချိန်က ကိုးနာရီ ကျော်ရုံပဲ ရှိသေးသည်။ လကလည်း သာ ၊ မိုးကလည်း မရွာ ဆိုတော့ အိမ်ရှေ့က ကွက်လပ်မှာ ကလေးတွေစုံသည်။ အပေါင်းအသင်းတွေ အသံကြားတာနဲ့ ကိုနိုင် နှင့် ဖြိုးဖြိုးတို့ လှစ်ခနဲ အိမ်ရှေ့ရောက်လာသည်။ အိမ်ရှေ့က ကလေးတွေ စုံတော့ ကစားနည်း တစ်ခုခု ကစားကြဖို့ တိုင်ပင်ကြသည်။
          ကလေးအုပ်ထဲမှာ အရွယ်နည်းနည်းကြီးသည့် တင်ဇာဇော် က “ ငါတို့ ထုပ်စီး တိုးကြမယ်လေ ” ဆိုတော့..နောက်တစ်ယောက်က သဘောမတူ ။ သူက “ရုပ်ရှင်ဖွက်တိုင်း ကစားချင်တယ်” ဟု ဆိုသည်။ ဒါကိုပင် တင်ဇာဇော်က “ နင်တို့ကလည်း ရုပ်ရှင်ဖွက်တိုင်းပဲ အမြဲတမ်း ကစားနေတာ ထုပ်စည်းပဲတိုးမယ်ဟာ” ဆိုပြီး လွန်ဆွဲနေတော့…ကြားထဲကနေပဲ ကိုနိုင်က ၀င်ပြီး “ဒီလိုလုပ်လေဟာ စစချင်း ထုပ်စည်း တိုးတာမယ်လေ ၊
 ပြီး မှ ရုပ်ရှင်ဖွက်တိုင်း ကစားကြတာပေါ့။” ဆိုပြီး အငြင်းအခုန် ဖြစ်နေသည့် တင်ဇာဇော် နှင့် နောက်တစ်ယောက်ကို ပြောတော့ အားလုံးသဘောတူသွားကြကာ စစချင်း ရုပ်ရှင်ဖွက်တိုင်း ကစားကြသည်။
“ ကဲလူခွဲမယ်။  ငါနဲ့ ကိုနိုင်က ခေါင်လူကြီး လုပ်မယ် နင်တို့ စုံမ သွားဖွက်ကြ ” ဆိုပြီးပြောတော့ အားလုံး ကိုယ်စီ ကိုယ်စီ ကွင်းပြင် ကွက်လပ် အစွန်ဘက်တွေ ကိုရောက်သွားပြီး စုံမဖွက်ဖို့ တိုးတိုးတိတ်တိတ်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ပြောနေကြသည်။
“ဟေ့ကောင် မင်းက ဘာလုပ်မလဲ” လို့ စုံမဖွက်တဲ့ အထဲက တစ်တွဲမှာ တစ်ယောက်က မေးတော့
နောက်တစ်ယောက်က “ငါက ဗန်ဒိန်း”
အဲဒီလိုဆိုတော့ “နောက်တစ်ယောက်က ငါက ဝေယံကျော်ကွာ”

“ဟမ်…” ဟိုတစ်ယောက် ကြောင်သွားသည်။ ပြီးတော့မှ “သြော...သိပြီ လုပ်ကွာ” ဆိုပြီး သူတို့နှစ်ယောက်တွဲပြီး၊ ခေါင်လူကြီးတွေ ဘက်ကို ပြန်လာခဲ့သည်။


နောက် နှစ်ယောက်အတွဲက ဟိန်းဝေ နှင့် သီဟ သူတို့ကလည်း စုံမဖွက်ဖို့ နာမည်တွေ စဉ်းစားကြသည်။ ဟိန်းဝေကတော့ စဉ်းစားပြီး ပြီ ၊ သီဟ က စဉ်းစားနေတာမပြီးသေး။
“မြန်မြန်လုပ်ကွ ကြာတယ်” ဆိုတော့
“အေးပါကွ ပြီးပါပြီ ငါက နန်းထက်ထက်သူ” ဆိုပြီးပြောသည်။ အဲဒီတော့ ဟိန်းဝေက
“ဟာ..ဟေ့ကောင် အဲ့ဒါ ငါစဉ်းစားထားတာ”

“အာ..မရဘူးကွာ ငါက နန်းထက်ထက်သူမှ နန်းထက်ထက်သူ ပဲ” ဆိုတော့က..နှစ်ယောက်သား အခက်တွေ့နေပြီ။ နောက်တော့မှ ဟိန်းဝေကပဲ အလျော့ပေးပြီး နန်းထက်ထက်သူကို ရွေးထားထားတာကနေ လမင်းဖြူ လုပ်လိုက်ရသည်။


နောက်တစ်တွဲ…။
နောက်တစ်တွဲကတော့ ရှင်းသည်။
ယောက်ျားလေး တစ်ယောက် မိန်းကလေး တစ်ယောက် ဖြစ်သည့် ဖြိုးဖြိုး နှင့် စိုးမင်း။

“ဟဲ့ ငါက စုလှိုင်မျိုးသိန်း  ကြိုက်တယ် စုလှိုင်မျိုးသိန်း လုပ်မယ်ဟာ ။ နင်က ရဲသွေးနောင် လုပ်လိုက် ” သူတို့ စုံတွဲကတော့ အဆင်ပြေသည်။ ဒီလောက်နဲ့ပဲ အဆင်ပြေသွားသည်။

“ရဲသွေး နောင် နှင့် စုလှိုင်မျိုးသိန်း”
“ဗန်ဒိန်း နဲ့ ဝေယံကျော်”
“နန်းထက်ထက်သူ နဲ့ လမင်းဖြူ”

“ဟမ်” စုံမဖွက်တဲ့ သူတွေ ရောက်လာပြီး သူတို့နာမည်တွေ ပြောတော့ ခေါင်လူကြီးဖြစ်သည့် ကိုနိုင် နှင့် တင်ဇာဇော် ကြောင် သွားသည်။
“ဟင်..နင်တို့ ဟာတွေကလည်း အိပ်မက်ဆုံရာက နာမည်တွေချည်းပဲ” ဆိုတော့..
စုံမ ဖွက်တဲ့ စုံတွဲတွေက တဟီးဟီး နဲ့။

************************************************

ကဲ…ပွဲစပြီ။
ပထမဆုံးပွဲက ကိုနိုင်တို့ စပြီး တိုးရမယ့် အလှည့်ပဲ။ လက်ဝါးဖြန့်ပေးလာသည့် တင်ဇာဇော်ဧ။် လက်ဖ၀ါး နုနုလေးကို ကိုနိုင်က အသာ အယာအယာလှမ်းပုတ်လိုက်ပြီး စည်းအတွင်းထဲကို အရင်တိုးဝင်လိုက်ကာ အခြေအနေကို ကြည့်လိုက်သည်။ အခြားတစ်ဘက်ကလည်း ။ သူ့လူတွေက စည်းထဲကို ၀င်တိုးနေကြပြီ။


“ဟာ ဟေ့ ဟိုမှာ ဝေယံကျော် ကို လှမ်းဖမ်းလေ”
“စုလှိုင်မျိုးသိန်း အမြန်ပြေး ခဏနေဦး”
“ရဲသွေးနောင် ဟိုမှာ ထမင်းရည်ပူ စည်းနင်းမိပြီ”

ထုပ်စည်းတိုးပွဲကား အထူးပင် ပြိုင်ဆိုင်မှု ပြင်းထန်လှသည်။ ဘယ်သူကမှ လျော့ပေးဖို့ မတွေး တစ်ယောက်နဲ့ တစ်ယောက် အနိုင်ရရှိရေးကိုသာ အာရုံစိုက်နေကြသည်။ ထုပ်စည်းတိုးတဲ့ အထဲမှာ အကျွမ်းကျင်ဆုံးကတော့ စုလှိုင်မျိုးသိန်း ဟု နာမည်ယူထားသူ ဖြစ်သည့် ဖြိုးဖြိုး ပင်ဖြစ်တော့သည်။ နောက်ဆုံးတော့ စပြီးတိုးသည့် ပွဲတွင် စုလှိုင်မျိုးသိန်း ပါသည့် အဖွဲ့က အောင်နိုင်သွားသဖြင့် နောက်တစ်ကြိမ် ပြန်ပြီး တိုးရတော့မည်။

“ဟေး ပျော်လိုက်တာ နောက်တစ်ခါ တိုးရဦးမယ်။” ။ တိုးရမယ့် သူတွေ က ပျော်လို့နေသည်။ အခု နောက်ထပ်တစ်ကြိမ် ကိုနိုင်တို့ အဖွဲ့ စပြီး တိုးတော့မည်။ အဆင်သင့်ဖြစ်တော့ ကိုနိုင်က တင်ဇာဇော်ရဲ့ လက်ဖ၀ါးနုနုလေးကို အသာပုတ်လိုက်ပြန်တော့သည်။


***********************************************************


ဦးမောင်ကြီး တစ်ယောက်  သားဖြစ်သူ အိမ်ဘက်ကို မရောက်တာ ကြာလို့ ရယ်။ ဒီကနေ့က မိုးမရွာတာရယ်။ အချိန် က လည်း ကိုးနာရီဝန်းကျင်လောက်ပဲ ရှိသေးတာကြောင့် ထွက်လာခဲ့လိုက်သည်။ အိမ်နားရောက်တော့ ကွက်လပ်မှာ ကလေးတွေ ဆူညံ့နေတာတွေ့မိသည်။ မိုးမရွာသည့်နေ့မို့ ကလေးတွေ ပျော်ပြီး ကစားနေကြတာကိုး တွေးမိသည်။ ကလေးတွေ နားရောက်တော့ ကလေးတွေ ထုပ်စည်းတိုးနေသည့် ဘေးမှ ကပ်လျှောက်နေတုန်း။
“ဟာ..ဟေ့ ထမင်းရည်ပူနော် နင်းမိမယ်” ဆိုပြီး ဦးမောင် အနောက်ဘက်က ရုတ်တရက် ထအော်သံကြားရတော့ ဦးမောင် အောက်ကို ကြည့်ပြီး ရုတ်တရက် ခုန်မိမတတ်ဖြစ်သွားသည်။

“ဟဲ့..အမလေး ဘယ်မတုန်း ထမင်းရည်ပူ” ဆိုပြီး သူယောင်ပြီး အော်မိတော့ ထုပ်စည်းတိုးနေသည့် ကလေးတွေက ၀ိုင်းရယ်တာကြောင့် သူလည်း ရှက်ပြီး ခပ်သုတ်သုတ်ပဲ သားဖြစ်သူ ဘုန်းသန့်ကျော် တို့ အိမ်ထဲကို ၀င်သွားတော့သည်။ ထိုနေ့က တိုက်တိုက်ဆိုင်ဆိုင်ပင် ဦးမောင် တစ်ယောက် သားဖြစ်သူ အိမ်ထဲလည်း ရောက်ရော မီးပျက်တာနဲ့ တိုးတော့သည်။ ကိုရီးယားကား ကြိုက်သည့် ချွေးမ နှင့် ကလေးတွေကလည်း ကိုရီးယားကား အကြောင်း ကို စားမြုံ့ပြန်နေတာ မမောနိုင်မပန်းနိုင် ပဲဖြစ်နေတော့သည်။ ညဉ့်နက်မှ သားဖြစ်သူကလည်း ဘောလုံးပွဲကြည့်ရာကနေ ပြန်လာတော့ သားဖြစ်သူနှင့် စကားနည်းနည်းပြောပြီး သားဖြစ်သူ လိုက်ပို့သဖြင့် အိမ်ပြန်ရသည်။

ဆောင်းနှင်း ယွန်းတစ်ယောက် ကျောင်းကို ရောက်တော့ အားလုံး နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ တိုးတိုးကြိတ်ကြိတ် ပြောနေကြသည့် သူငယ်ချင်းများကို တွေ့တော့ ထူးဆန်းသွားသည်။ ဘယ်လိုဖြစ်နေပါလိမ့်။ ဘာအကြောင်းတွေ ပြောနေပါလိမ့် သိချင်စိတ် ဖြစ်နေတာနဲ့ သူတွဲနေကြ သူငယ်ချင်း အုပ်စုနား ကပ်သွားလိုက်ပြီး နားစွင့်ကြည့်တော့မှ..အကြောင်းစုံကို သိတော့ဧ။်။

“ငါတော့ သူ့ကို သိပ်မကြိုက်ပါဘူးဟာ ဆရာခိုင်မြဲသာပြောသလိုပဲ အသက်ရှုတာ နည်းနည်း စကေးလ် လိုနေသေးတယ် သီချင်းဆိုပြီး ရင် မောနေတာ ကြည့်ပါလား။”
“နင်မသိလို့ပါဟာ သူ့ ဗော်ကယ်လ်ပါဝါက နည်းနည်းနောနော ကြီးမဟုတ်ဘူးနော ငါကတော့ သူ့ပဲကြိုက်တယ်” ဟု သူငယ်ချင်းကောင်လေး တစ်ယောက်က ၀င်ပြောတော့
“နောက်ကောင်မလေး တစ်ယောက်က နင်ကြိုက်တာ ငါသိပါတယ်။”ဟု ၀င်ဖောက်ဧ။်။
သူတို့ထဲမှာ အသက်အကြီးဆုံး ဖြစ်သည့် အပျိုကြီး မစော ကတော့ ငြိမ်နေဧ။် ။ အားလုံး စကားသံ တိတ်သွားမှပဲ။
“ငါကတော့ ရှိုင်းဝေယံလေးပဲ ” ဟု ပဲသံလေးနှင့် ၀င်ချွဲဧ။်။
ဒါကို နည်းနည်းကလိတတ်သည့် မိုးမိုးခိုင်က

“သြော်…အစ်မရယ် ရှိုင်းဝေယံ က ဒီလောက်မချောပါဘူး။ အသားဖြူတာပဲ ရှိတာ။ ကျွန်မ ရဲသွေးနောင်လေးကမှ ဟိဟိ” ဆိုပြိး ကလိတော့… အပျိုကြီး မစော တစ်ယောက် ထောင်ထောင် ထောင်ထောင် ဖြစ်လာပြီး။
“အံမယ် ညည်း ရဲသွေးနောင်က ဘယ်လောက်ချောလို့လဲ အရပ်က ပုသေးတယ်။ ငါ့ ရှိုင်းဝေယံလေးကမှ ကိုရီးယားမင်းသားလေး ကျနေတာပဲ။ ညည်းရဲသွေးနောင်က မုတ်ဆိတ်မွှေးတွေနဲ့ အသည်းယားလိုက်ထာ အေရယ်…” ဆိုပြီး မျက်နှာထိမျက်နှာထား နဲ့ ပြောတော့ ဘေးကနေ ဆောင်းနှင်းယွန်းက ကြည့်ရင်း ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။ ဒါကိုပင် မတော်နိုင်သေးသည့် မိုးမိုးခိုင်က မစောကို “ဟုတ်လို့လား မစောရဲ့ ရှိုင်းဝေယံထက် စာရင် အာကာအောင်ခင်ဝင်း က ပိုချောတာမဟုတ်လား သွားတက်ကလေး နဲ့လေ…ပြေတီဦး ကျနေတာပဲနော့” ဆိုတော့ အပျိုကြီး မစောတစ်ယောက် စိတ်ရှုပ်သွားဟန်ဖြင့်

“တော်ပါအေ ဘာမှန်းလည်း မသိဘူး” ဆိုပြီး စူစူအောင့်အောင်ဖြင့် ထထွက်သွားတော့သည်။ထို့နောက်တော့ ဆောင်းနှင်းယွန်းတို့ သူငယ်ချင်း များ အုပ်စုစကားသံတွေ ထဲမှာ “ရှိုင်း မှ ရှိုင်း အေ ”  “အို…စောဖြိုးပဲနော့..”  “ရဲသွေးလေး”  “ဟယ်…ငါ့ဝေယံကျော်လေး ကလည်း…” ဒါတွေပဲ ကြားနေရတော့သည်။


အဲဒီနေ့ ညနေပိုင်း သင်တန်းက နေ မစောတစ်ယောက် အိမ်ပြန်ရောက်တော့ ၊ ရေချိုးထမင်းစားပြီးတာနဲ့ အင်တာနက်ဆိုင် ကို ရောက်သွားသည်။ ကွန်ပြူတာရှေ့မှာ Facebook ဖွင့် ၊ ဂျီတော့ခ် ဖွင့်ပြီး တော့ ၊ ဂျီတော့ခ် က သူငယ်ချင်းတစ်ယောက် နဲ့ စကားလက်ဆုံကျနေတော့သည်။

“အစ်မ မနေ့က အိပ်မက်ဆုံရာ ကြည့်လား”
“အေး… ကြည့်တယ်..လေ ဘာလို့လဲ”
“ရှိုင်းဝေယံလေး ချောတယ်နော်…အဆိုလည်းကောင်းတယ် သိပ်သဘောကျတာပဲ”

“ဟယ်…ညီမလေးကလည်း ရှိုင်း..ရဲ့ ပရိတ်သတ်ပဲလား”
လမ်းကြောင်း တည့်သွားတော့သည်။ သူတို့ စကားတွေထဲမှာ ရှိုင်း ဆိုတဲ့ စကားလုံးက မနည်းမနောပါသည်လေ။
တစ်ဖက်က ကောင်မလေး က သူ့ gtalk မှာ စတေးတပ်စ်လေး တစ်ခုကို အခုလို ကောက်တင်လိုက်သည်။
“ရှိုင်းဆိုတာ တောက်ပခြင်း ၊ ကိုယ့်ရဲ့ တောက်ပ တဲ့ နေရက်တွေဟာ ရှိုင်းပါပဲကွယ် ဟိဟိ” ဆိုပြီး တင်လိုက်တော့ အပျိုကြီးမစော တစ်ယောက်လည်း အားကျမခံ စတေးတပ်စ် လိုက်ရေးဖို့ စိတ်ကူးရသည်။ဒါပေမယ့် သူက Facebook မှာ တင်မှာဖြစ်သည်။ …



စဉ်းစားပြီး သူ ဘယ်လို ရေးရမလဲ  ဆိုတာကို အဖြေရသွားသည်။
“ရှိုင်းဝေယံကို မထိနဲ့ ဗြိခနဲ ဆွဲဖြဲပစ်မယ်။” ဟူ၍။
ဒါနဲ့တင်အားမရ နောက်ထပ်ပို့စ် တစ်ခု တင်လိုက်သေးသည်။
“အိုး…ပိုက်ဆံများ ရှိလို့ကတော့လေ ကာတီးယား စိန်တိုက်က စိန်တွေကို ၀ယ်ပြီး ရှိုင်း တစ်ကိုယ်လုံးကို စိန်စီပစ်လိုက် ဦး…မှာာာာ”


***************************************************************


အချိန်က ည ကိုးနာရီ။

လက်ဘက်ရည်ဆိုင်မှာ မန်ယူပွဲပြနေပြီ။ လက်ဖက်ရည်ဆိုင်မှာ စိုးမိုးက စောင့်နေသည်။ ဒါပေမယ့် ဘုန်းသန့်ကျော်တစ်ယောက် ပေါ်မလာ။ ဒါကြောင့် သူတစ်ယောက်တည်းပဲ လက်ဖက်ရည်ဆိုင်က ဘောလုံးပွဲကို လက်သီးလက်မောင်း တန်းပြီး အားပေးနေတော့သည်။
“ကတောက် ဒီလောက်ပွဲကြီး ပွဲကောင်းကျမှ ဒီကောင်က ဘယ်သဝေထိုးနေသလဲ မသိဘူး” ဆိုပြီး စိုးမိုးတစ်ယောက် စိတ်ထဲကနေ မရိုးမရွနှင့် ရေရွတ်နေမိသည်။ ပထမပိုင်းလေးဆယ့်ငါးမိနစ် ပွဲစဉ်ပြီးသည် အထိ ဘုန်းသန့်ကျော်က ပေါ်မလာ။



တစ်ကယ်တမ်းတော့ ဘုန်းသန့် ကျော်တစ်ယောက် ဘယ်မှမသွား ၊ အိမ်မှာပဲ ရှိသည်။ ဘုန်းသန့်ကျော် အပြင် သူ့မိန်းမ နှင့် သူကလေးတွေ ပါ စုံစုံညီညီ ရှိနေကြသည်။ သူတို့အားလုံး ကိုးနာရီ မထိုးခင်ကတည်းက ကို ထမင်းစားတာတွေ ဘာတွေ လုပ်ပြီးပြီ။ အခုတော့ အားလုံး အိမ်ရှေ့ခန်းမှာ အားလုံးစုံစုံညီညီ။

          ထိုအချိန်မှာ တိုက်ဆိုင်စွာပင် ဘုန်းသန့်ကျော်ဧ။် အဖေ ဖြစ်သူ ၊  ဦးမောင်ကြီး တစ်ယောက် အိမ်ကို ပေါက်ချလာတော့သည်။အိမ်ထဲကို ရောက်ရောက်ချင်း တံခါးဝမှာပင် ဦးမောင် ကြီးက စကားတစ်ခွန်းဆိုလိုက်ဧ။်။ အဲဒါကတော့….

"မိသားစု စုံစုံလင်လင် နဲ့ တီဗွီရှေ့  မှာ တွေ့  ရတာ ထူးခြားတယ်ဟေ့"  ဆိုပြီး ပြောပြောဆိုဆို နဲ့ ၀င်လာတဲ့ ယောက္ခမကို တွေ့တော့ ဘုန်းသန့်ကျော် ရဲ့ မိန်းမက

" ထူးခြားမှာပေါ့ အရင်ကဆို သမီးတို့ သားအမိတွေက ကိုးနာရီ ကိုရီးယားကား ကြည့်နေရင် အဖေ့သားက ၊ အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ဘောပွဲကြည့် ရင်း အာလူးသွားဖုတ်နေကြ။ အခုတော့ အိပ်မက်ဆုံရာ အစီအစဉ် ကိုပြလိုက်တာ အဲဒီက စုလှိုင်မျိုးသိန်း ဆိုတာကို နားထောင်မိပြီး အခုတော့ အာလူးသွားမဖုတ်တော့ဘူး”

မိန်းမ ဖြစ်သူက အဲဒီလိုပြောတော့…
"ဟုတ်တယ် အဖေရေ... စုလှိုင်မျိုးသိန်းက ချန်နယ်ဆဲဗင်း က လာတဲ့ အိပ်မက်ဆုံရာ မှာတော့ ကျွန်တော့် ရင်
ဘတ်နဲ့ ကွက်တိပဲ" လို့ ထ ပြောလိုက်သည်။




သားဖြစ်သူ အဲဒီလို ပြောတာကြားတော့ ဦးမောင်ကြီးလည်း…
"ဟေ..ညွှန်းလှချည်လား သောက်ကြည့်..အဲ့လေ... နားထောင်ကြည့် ဦး မှ" ဆိုပြီး တီဗွီရှေ့မှာ ငုတ်တုတ်ကြီး ထိုင်ကြည့်ပြီးမှ…
"ကောင်းလှချည်လား" ဟု ရေရွတ်လိုက်ဧ။်။ ထိုအခါမှ ဘေးကထိုင်နေသူ မြေးဖြစ်သူ ကိုနိုင်ကလည်း

"သားလည်း စုလှိုင်မျိုးသိန်း ကြိုက်တယ် ဖိုးဖိုး" ဟုပြောတော့… မြေးမ ဖြစ်သူ ဖြိုးဖြိုး ကလည်း

"သမီးကတော့ ရဲသွေးနောင် ပဲ ဖိုးဖိုး" လို့ အသီးသီး ဆိုကြတော့… ဦးမောင်ကြီးကလည်း…

"အေး ကိုယ်ကြိုက်တာ ကိုယ်သောက်ကြ ဘိုးဘိုးကတော့ တီးမာစတာမှ တီးမာစတာ...အဲ့လေ..စုလှိုင်မျိုးသိန်း မှ စုလှိုင်မျိုးသိန်းပဲ။ ဟဲဟဲ"


*****************************************************************


 “အခုနောက်ဆုံးတော့ ကန်ထရီး ဘဏ်တွေ ထဲကမှ အကောင်းဆုံးခြောက်ဘဏ် ကို ရွေးချယ်လိုက်ပါပြီ
သူတို့တွေကတော့...” ဟု ပရီဆန်တာ အဖြစ် ဆောင်ရွက်သည့် စိုးမိုးက ပြောပြီးနောက် ဆက်၍ ရွေးချယ်ခံရသူများကို မပြောသေးပဲ

"ရင်တွေ ခုန်နေပြီလား" အသံဗြဲ ချွဲကပ်သံဖြင့် ဖြဲလိုက်သောအခါ….
ပရိတ်သတ်များ...ကလည်း
"အသံကိုက "
"ဘာလဲကွာ ပြောမှာဖြင့်ပြောတာမဟုတ်ဘူး"
"ဘာကောင်လဲကွာ ဂဂျောင်ပဲ"
"ရင်မခုန်ရင်သေသွားမှာပေါ့ သေနာရဲ့"

ထိုကဲ့သို့ အောက်က ပရိတ်သတ်က ကောင်းချီးထောပနာပြုသည်ကို ပရီဆန်တာ စိုးမိုး ကလည်း ရူးသလို ရွှေပျောက်သလို အထာဖြင့်...
"ဟုတ်ပါပြီ အခုတော့ ကန်းထွီးမြူးဇစ် အတွက် ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဘဏ်တွေ ထဲ ကနေ အကောင်းဆုံး ဘဏ် ခြောက်ဘဏ် ကို ရွေးချယ်ပြီး ပရိတ်သတ်ကြီးကို ကြေညာပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီဘဏ် ခြောက်ဘဏ်ကတော့...
ဗဟိုဘဏ်
သမ၀ါယမ ဘဏ်
စိုက်ပျိုးရေး ဘဏ်
ဘဏ် (၁)
ဘဏ် (၂)
ဘဏ် (၃)

တို့ပဲ ဖြစ်ပါတယ်။"
"ဟမ်...ဘာတွေလဲ"
"ဘာလဲဟ ဘယ်လိုတွေလဲ"
"နေပါဦး ဘဏ်တွေက ဘယ်လို ကန်ထရီးသီချင်း ဆိုမှာလဲ"

ပရိတ်သတ်များ ၀ရုန်းသုန်းကား ဖြစ်ကုန်ကြဧ။်
ပရိတ်သတ်များ ထဲတွင် ဘုန်းသန့်ကျော်တစ်ယောက် ဒေါသထွက်နေဧ။်။ သူလည်း အိပ်မက်ဆုံရာတွင် ဆန်ကာတင် ၀င်ပြိုင်သည့် ထဲတွင် ပါသည်လေ။
"မင်းတို့က ဘယ်လိုတွေလဲကွ ၊ ငါတို့က သီချင်းဆို တဲ့ လူတွေ ကွ ဘဏ် တွေ မဟုတ်ဘူး။ ဟေ့ကောင် စိုးမိုး မင်းကလည်း ဘာကောင်လဲကွာ။ မင်းက ဒီပေါ်မှာ ဘာတက်လုပ်…" ဟု အသံကုန် ဖြဲအော်လိုက်ဧ။်

"ဟင်...ယောက်ျား ဘာဖြစ်တာတုန်း" ဟု ဘေးမှ သူ့မိန်းမ ဧ။် အလန့်တကြား မေးသံကို သူကြားရပြီးနောက် အခြေအနေကို အခုမှ သဘောပေါက်ဧ။် သူ...အိပ်မက်ဆုံရာ ကြည့်ပြီး စိတ်စွဲကာ အိပ်မက် မက်နေမိတာပဲ......ဟု တွေးမိစဉ် မှာပဲ...

ဘေးအိမ်က စောင်းဘောက်ကြီး ဖြင့် ခပ်ကျယ်ကျယ်ဖွင့်လိုက်သည့် အသံကြောင့် သူ့ မျက်လုံးပိုပြူးကျယ်သွားခဲ့ရတော့သည်။

"အိုပါး....ဂန်းနမ် စတိုင်လ်!"





ကျော်ညိုသွေး