ဈေးကွက်ဝင် အပြုံး

ဈေးကွက်ဝင် အပြုံး



ဒီမိုကရေစီ ခေတ်ကြီးမှာ
ဇာတ်လမ်းတွေ သိပ်မရှားတော့ဘူး သက်သက်ခိုင်။
နွေသစ်ရွက်တွေ ကြွေလို့
ရာဘာပင်လမ်းကလေး အ၀ါရောင်သမ်းတဲ့ သီချင်းတွေလည်း
ချောကလက်တွေ အရည်ပျော်သလို "လေ" သွားပြီ။

ခေတ်သစ် မောဟ တွေက
ရွှေပြည်အေး တရားလောက်နဲ့ မလုံလောက်တော့ဘူး။

ခေတ်နောက်ပြန်ဆွဲတိုင်း နီယိုကွန် လို့ ယူဆမယ်ဆိုရင်
နင့်ကိုငါ နာနာလေး ဆွဲ...ဆိတ်ချင်ရဲ့။
နင်အိပ်မက်က နိုးပါလေစ ကွယ်။

အခုတလော နင့် အထစ်အငေါ့စကားလေးတွေ ထဲ
ငါ ပျော်မောခဲ့ရတာ
ကော်ဖီ ယင်းထသလို ထတယ်။

ဘေးတိုက်သွားတိုင်း
ဂဏန်းမဟုတ်ရပါဘူး အသက်ရေ...။
ဝါးတံတားကို ကူးရင်လည်း
ဘေးတိုက်သွားရတာပဲ။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး